နွေရာသီအင်္ဂလိပ်စာသင်တန်း မော်လမြိုင်မြို့တွင် ဖွင့်လှစ်မည်

နွေရာသီအင်္ဂလိပ်စာသင်တန်း မော်လမြိုင်မြို့တွင် ဖွင့်လှစ်မည်
ယမန်နှစ် နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပစဉ် (ရာမည သံဃာနုဂ္ဂဟ FB)
ယမန်နှစ် နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပစဉ် (ရာမည သံဃာနုဂ္ဂဟ FB)

ရာမညသံဃာနုဂ္ဂဟအသင်းကဦးစီး၍ သံဃာတော်များအပြင် ကျောင်းသားကျောင်းသူများအတွက် ၁၆ ကြိမ်မြောက် နွေရာသီအင်္ဂလိပ်စာနှင့် အခြေခံကွန်ပျူတာသင်တန်းကို မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ ဓာတုမာလာကျောင်းတွင် ဖွင့်လှစ်ရန်စီစဉ်လျက်ရှိသည်။

သြင်္ကန်အလွန် ဧပြီလ ၁၉ ရက်နေ့မှ စတင်၍ (၄၅) ရက်ကြာ အင်္ဂလိပ်စာသင်တန်းတွင် အခြေခံကွန်ပျူတာသင်တန်းကိုလည်း ၁ လကြာခန့်ပို့ချသွားမည်ဟု သင်တန်းကြီးကြပ်ရေးဆရာတော် အရှင်ကုမာရက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အရှင်ကုမာရက “ဒီသင်တန်းကို သံဃာတော်တွေ၊ ကိုရင်တွေ၊ သီလရှင်တွေကို ဦးစားပေးသွားမယ်။ ပညာအရည်အချင်း သတ်မှတ်ချက်လဲ မထားဘူး။ လာသမျှ လက်ခံသွားမယ်။ လူပုဂ္ဂိုလ်တွေကိုတော့ အယောက် ၂၀၀ လောက်ပဲ လက်ခံသွားဖို့ ရှိတယ်” ဟု ဆိုသည်။

လူပုဂ္ဂိုလ်များအနေဖြင့် အနိမ့်ဆုံံးပညာအရည်အချင်း ၁၀ တန်းရှိရမည်ဖြစ်ပြီး ဝင်ခွင့်အရည်ချင်းစစ်စာမေးပွဲ ဖြေဆို၍ Level 1,2,3,4, Beginner, Elementary, Pre-intermediate အဆင့်များသတ်မှတ်မည်ဖြစ်ကြောင်း၊   အခြေခံကွန်ပျူတာသင်တန်းကို သံဃာတော်များနှင့် သီလရှင်များကိုသာ ဦးစားပေး သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလိပ်စာ လေ့လာနေသူ အရှင်မဟောသဓာက “သံဃာတော်တွေအတွက် နိုင်ငံခြားက ဘွဲ့တွေလည်း ထပ်ပြီး လေ့လာချင်ရင်တော့ အင်္ဂလိပ်စာ အခြေခံရှိရမယ်။ နိုင်ငံခြားတက္ကသိုလ်တွေမှာ ပါဠိဘာသာကို အင်္ဂလိပ်အက္ခရာနဲ့ပဲ ရေးရမယ်။ အဲလိုမျိုး စာတွေလိုက်နိုင်ဖို့က အင်္ဂလိပ်စာ အခြေခံကောင်းရမယ်” ဟု ဆိုသည်။

ရာမညဓမ္မာစရိယအဖွဲ့ (ရာမညနိကာယ) ၏ ဌာနခွဲတစ်ခုဖြစ်သော ရာမညသံဃာနုဂ္ဂဟအသင်းမှ အလားတူသင်တန်းများကို ယခင်နှစ်များတွင်လည်းဖွဲ့လှစ်ခဲ့ရာ သံဃာတော်၊ သီလရှင်များအပါဝင် သင်တန်းသား ၄၀၀ ဦးခန့် တက်ရောက်အောင်မြင်ခဲ့ကြောင်း သိရသည်။

 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...