လူ ၇ ဦးသတ်မှုကျူးလွန်သည့် တပ်မတော်သား ၂ ဦးအား ထိရောက်စွာအရေးယူမည်ဟု သတင်းထုတ်ပြန်

လူ ၇ ဦးသတ်မှုကျူးလွန်သည့် တပ်မတော်သား ၂ ဦးအား ထိရောက်စွာအရေးယူမည်ဟု သတင်းထုတ်ပြန်
 မော်လမြိုင် ဆေးရုံကြီး၌ ဒေါ်မိပို(ခ)တင်ဇာလွင် ဆေးကုသခံယူစဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
မော်လမြိုင် ဆေးရုံကြီး၌ ဒေါ်မိပို(ခ)တင်ဇာလွင် ဆေးကုသခံယူစဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာ၌ ပြီးခဲ့သည့် ဧပြီ ၅ ရက် နံနက်ပိုင်းတွင် တပ်မတော်သား ၂ ဦးပစ်ခတ်ခဲ့သဖြင့် အရပ်သား ၇ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိစေသည့်အတွက် ထိရောက်စွာစစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၈ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။  

အဆိုပါပြစ်မှုကျူးလွန်ခဲ့သည့် စစ်သား ၂ ဦးအား လက်နက်ဖြင့် ခွင့်မဲ့ပျက်ကွက်မှု၊ အရက်သေစာ သောက်စား မူးယစ်မှုစသည့် စည်းကမ်းဖောက်ဖျက်မှုတို့အတွက် စစ်တရားရုံးဖြင့်ထိရောက်စွာ စစ်ဆေးအရေးယူအပြစ်ပေးသွားမည်ဖြစ်ပြီး လူသတ်မှုနှင့်အပြင်းအထန်ဒဏ်ရာရရှိစေမှုတို့အား တပ်မတော်အက်ဥပဒေပုဒ်မ ၇၂ အရ နယ်ဘက်တရားရုံးသို့ လွှဲပြောင်းစစ်ဆေးစီရင်စေမည်ဟု ဆိုသည်။

အခင်းဖြစ်ပွားခဲ့သည့် အနန်းကွင်း ကျေးရွာအနောက်ဘက်ရှိ ကမ္ဘာရှားကားဝပ်ရှော့၌ နံနက် ၃ နာရီခွဲခန့်တွင် ဆိုင်ကယ်ငှားရမ်းရာမှ အချင်းများကာ အဆိုပါစစ်သား ၂ ဦးပစ်ခတ်သဖြင့် ကားဝပ်ရှော့မှ ဦးမျိုးနောင်၊ ဦးစောနောင်၊ ဦးစိုးနောင်၊ ဒေါ်မိရှမ်း၊ မောင်အနက်(ခ)ကောင်းခန့်၊ မရွှန်းသဒ္ဒါမောင်(ခ) မလို့ကာရားနှင့် မဝါချီဒါးတို့ ၇ ဦးသေဆုံးခဲ့ကာ ဒေါ်မိပို(ခ)တင်ဇာလွင်မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ကို သက်ဆိုင်ရာမှ စစ်ဆေးတွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းသို့အခင်းဖြစ်ပွားခဲ့ပြီးနောက် ညနေ ၆ နာရီခွဲခန့်တွင် တပ်သားမြင့်ဝေအား KNU စစ်ဆေးရေးဂိတ်တစ်ခုက ဖမ်းဆီးရမိခဲ့ပြီး ဧပြီ ၆ ရက် နေ့လယ် ၁၁ နာရီခွဲ ခန့်တွင် တပ်သားငြိမ်းချမ်းအား အနန်းကွင်း ကျေးရွာအထွက်ရှိ ဘုန်းတော်ကြီးကျောင်း၌ ၎င်းတို့ကိုင်ဆောင်သည့် လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည် ဖမ်းဆီးရမိခဲ့သည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်- ကရင်ပြည်နယ်၊ ဘုရားသုံးဆူကားလမ်းပေါ်ရှိ အနန်းကွင်း၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၁ ရှေ့တန်းစစ်ဗျူဟာရုံးအခြေစိုက်လျက်ရှိပြီး ကားလမ်းမတလျောက်တွင် ကရင်အမျိုးသားအစည်းအရုံး KNU စစ်ဆေးရေးဂိတ်များကိုလည်း တွေ့ရှိရသည်။ 

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...