အနန်းကွင်းတွင် အစိုးရစစ်သား ၂ ဦးက ရွာသား ၈ ဦးကိုပစ်သတ်မှုဖြစ်ပွား

အနန်းကွင်းတွင် အစိုးရစစ်သား ၂ ဦးက ရွာသား ၈ ဦးကိုပစ်သတ်မှုဖြစ်ပွား

သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းမပေါ်ရှိ အနန်းကွင်းကျေးရွာ၌ ဧပြီလ ၄ ရက်နေ့ နံနက်စောေစောပိုင်းတွင် အစိုးရစစ်သား ၂ ဦးက ရွာသား ၈ ဦးကိုပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ခလရ (၃၃၉) တပ်သားနှစ်ဦးသည် နံနက်(၀၃:၃၀)အချိန်ခန့်တွင် ဆိုင်ကယ်တောင်းစီးရာမှ အငြင်းပွားပြီး အနန်းကွင်းကျေးရွာအတွင်း နေထိုင်သည့် အရပ်သား (၈)ဦးအား ပစ်သတ်ခဲ့ကြောင်း ကျိုက်မရော/မုဒုံသတင်းစုံ Facebook က သတင်းဖော်ပြသည်။

ထိုနောက် အနန်းကွင်းအခြေစိုက် စစ်ဗျူဟာရုံးမှ တပ်သားမြင့်ဝေကို ဖမ်းဆီးမိ၍ ကြာအင်းဆိပ်ကြီးမြို့သို့ ယမန်နေ့တွင် ပို့ဆောင်ခဲ့ပြီး တပ်သားြငိမ်းချမ်းအား အပူတပြင်းဆက်လက်ရှာဖွေလျှက်ရှိသည်။

ပစ်သတ်ခံမှုကြောင့် သေဆုံးသူများတွင် စောနောင်(၄၃) နှစ်၊ စိုးနောင်(၃၈) နှစ်၊ မျိုးနောင်(၃၅) နှစ် ၃ ဦးတို့မှာ ညီအစ်ကိုယ်ဟုယူဆရပြီး ဒေါ်မိရှမ်း(၃၈) နှစ်၊ မိပို(၃၆) နှစ်၊ အသက် ၅ နှစ်အောက် ခလေး ၃ ဦးပါဝင်သော မိသားစုဝင် ၂ စုဖြစ်ကြသည်။

အဆိုပါ မိသားစုဝင်တို့သည် အနန်းကွင်းတိုက်နယ်ဆေးရုံနှင့် မျက်နှာချင်းဆိုင်မလှမ်းမကမ်းတွင် ဝပ်ရှော့ပြင်ဆိုင်ဖွင့်လှစ်ထားသည်ဟု သိရသည်။  

အနန်းကွင်းတွင် အရှေ့အတာင်တိုင်းစစ်ဌာနချုပ် စစ်ဗျူဟာ ၁ ရုံး အခြေစိုက်လျက်ရှိသည်။ 

ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...