ချင်းပြည်နယ် တွင်းတစ်နေရာ တွင် ရွှေဟုယူဆရ သည့် ကျောက်တစ်မျိူးတွေ့ရှိ

ချင်းပြည်နယ် တွင်းတစ်နေရာ တွင် ရွှေဟုယူဆရ သည့် ကျောက်တစ်မျိူးတွေ့ရှိ
by -
ခိုနူမ်းထုန်
ချင်းပြည်နယ် ဖလမ်းမြို့နယ် Thipcang ကျေးရွာရှိ တွင်းတစ်နေရာတွင် ရွှေဟုယူဆရသည့် အရောင်လင်းလက်နေသော ကျောက်တစ်မျိူး တွေ့ရှိမှုသည် ယခုရက်ပိုင်းအတွင်း လူအများစိတ်ဝင်စားသည့် အကြောင်းအရာတစ်ခုဖြစ်နေသည်။

ဇောင်သဲကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၂ ရက်နေ့က နေပြည် တော်အခြေစိုက် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ ကျွမ်းကျင်သူ ၃ ဦးတို့သည် အဆိုပါဒေသကို သွားရောက်ကြည့် ရှူစစ်ဆေးခဲ့ကြသည်။

အဆိုပါကျောက်များသည် မည့်သည့်ကျောက်အမျိူးအစားဖြစ်သည်ကိုမူ အတိအကျမသိရသေးသော်လည်း ကျွမ်းကျင် သူများ၏ ပြောဆိုချက်များအရ အဖိုးတန်ကျောက်တစ်မျိူးဖြစ်နိုင်သည်ဟု ဘူမိဗေဒအဖွဲ့နှင့် လိုက်ပါ သူ Thipcang ကျေးရွာနေ ဦးဗန်ကျဲအိုထန်ကပြောသည်။

“ကျနော်ကတော့ နားမလည်ဘူး၊ သူတို့ဂရုတစ်ုိက်နဲ့ ကြည့်ရှူလေ့လာပုံအရဆိုရင် ကျောက်တစ်မျိူးမျိူးတော့ ဖြစ်နိုင်တယ်၊ သူတို့ပြောပုံ အရဆိုရင် နမူနာကိုယူသွားပြီး ဟိုမှာ ပြန်စစ်ဆေးပြီးမှဘဲ အဖြေသိနိုင်မယ်လို့ပြောပါတယ်’’ ဟု ၎င်းကပြောသည်။

Thipchang

Thipcang Youth Group ၏ Facebook စာမျက်နှာတွင်ဖော်ပြချက်အရ အဆိုပါတွေ့ရှိသည့် ကျောက်များသည် ပုံမှန်ကျောက်ထက် တမျိူးထူးခြားကြောင်း၊ မှန်ဘီလူးများဖြင့် ကြည့်ရှူ သူများကလည်း ရွှေဖြစ်နိုင်ကြောင်းပြောဆိုကြသည်ဟု လိုက်ပါသူတစ်ဦးဖြစ်သည့် ဧဝံဂေလိဆရာ Rev. Lal Thawm Lian ကပြောသည်။

အဆိုပါဒေသတဝိုက်တွင် ယခုကဲ့သို့ ပုံမှန်ထက်ထူးခြားသော ကျောက်များထွက်ရှိသည်ဆိုသတင်းသည် ယခုမှထွက်ပေါ်လာခြင်း မဟုတ်ဘဲ ရှေးယခင်ကတည်းကလည်း ပြောဆိုမှုများရှိခဲ့သည်ဟုသိရသည်။

“ကျနော်တို့ရွာက ရေတွင်းနေရာတဝိုက်ပြုပြင်တဲ့အချိန်တုန်းကလည်း ထူးခြားတဲ့ကျောက်တွေကိုတွေ့ရတယ်၊ လက်သီးလောက်ရှိမှာ၊ အရောင်ကလည်း လက်နေတာ၊ အဲဒီကျောက်ကို အမဲလိုက်တဲ့ အဖိုးကြီးတစ်ယောက်က ကျပ် ၁၀၀၀ နဲ့ ၀ယ်ဖူးတယ်’’ ဟု သူကပြော သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...