စစ်ဘေးရှောင်များအတွက် အလှူခံသည့် လူငယ်အဖွဲ့တစ်ခုကို ရဲတပ်ဖွဲ့မှတားဆီး

စစ်ဘေးရှောင်များအတွက် အလှူခံသည့် လူငယ်အဖွဲ့တစ်ခုကို ရဲတပ်ဖွဲ့မှတားဆီး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းက စစ်ဘေးရှောင်များအတွက် အလှူငွေ လိုက်လံကောက်ခံနေသည့် လူငယ်အဖွဲ့တစ်ခုကို ရဲတပ်ဖွဲ့မှတားဆီးကာ ပြန်လှည့်ခိုင်းခဲ့သည်။

အဆိုပါ လူငယ်များမှာ မျိုးဆက်ရင်သွီး ပရဟိတလူငယ်များအဖွဲ့ ဖြစ်ပြီး စစ်တွေမြို့မဈေးကြီး၌ အလှူခံနေကြစဉ် ရဲတပ်ဖွဲ့မှ လာရောက်ပြီး ခွင့်ပြုချက်မရှိဟုဆိုကာ တားဆီးခဲ့ခြင်းဖြစ်သည်။

“သူတို့တားဆီးတာက ရေရာတာမရှိဘူး။ ထောက်ခံစာပါလားမေးတယ်။ မေးတော့ ကျွန်တော်တို့က မပါဘူးပြောတယ်။ ဒါပေမယ့် ယူပေးရမှာလားလို့ပြန်ပြောတယ်။ ဒါပေမဲ့ ရဲစခန်းကိုပဲ ခေါ်နေတယ်”ဟု ၎င်းအဖွဲ့မှ လူငယ်တစ်ဦးဖြစ်သူ မောင်ဝေကပြောသည်။

၎င်းလူငယ်အဖွဲ့ကို ခွင့်ပြုချက်မရှိသဖြင့် တားဆီးရခြင်းဖြစ်ကာ ဖမ်းဆီးအရေးယူမှုမလုပ်ဘဲ မိမိတို့ နေအိမ်များသို့ပြန်ကြရန် ရဲတပ်ဖွဲ့မှ တားဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...