မိုးဗြဲတောင်သူအချို့ နွေစပါးအတွက် ရေလုံလောက်မှုမရှိ၍ အခက်တွေ့

မိုးဗြဲတောင်သူအချို့ နွေစပါးအတွက် ရေလုံလောက်မှုမရှိ၍ အခက်တွေ့
မိုးဗြဲအနီးရှိ နွေစပါးစိုက်ခင်းတစ်ခုကို မြင်တွေ့ရစဉ် ပုံ… KT
မိုးဗြဲအနီးရှိ နွေစပါးစိုက်ခင်းတစ်ခုကို မြင်တွေ့ရစဉ် ပုံ… KT

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီးရှိ တောင်သူလယ်သမားများ၏ နွေစပါးစိုက်ပျိုးခြင်းတွင် ရေလုံလုံလောက်လောက်မရရှိသည့်အတွက် အခက်အခဲများ ကြုံတွေ့နေကြရသည်ဟု တောင်သူလယ်သမားများက ပြောဆိုနေကြပါသည်။

အချို့သောတောင်သူများသည် စိုက်ပျိုးရမည့်အချိန်တွင် ရေမလုံလောက်၍ နောက်ကျမှသာလျှင် စိုက်ပျိုး ခဲ့ရသည်ဟု လယ်သမားတစ်ဦးကပြောသည်။

” ပျိုးထောင်ပြီးတော့ အညှောင့်စပေါက်နေချိန်မှာ ရေလုံးဝမလာတော့ဘူး။ ဒါကြောင့် ပျိုးပြန်သေ၊ နောက်တစ်ပတ် ကျော်ကျော်လောက်မှ ရေပြန်လာလည်း၊ တစ်ရက်နှစ်ရက်ပဲရောက်၊ အညှောင့်ပြန်ပေါက်လာပြီး ရေပြန်ခန်းတော့ ပြန်သေ၊ သုံးခေါက်ဆက်တိုက်ဖြစ်တဲ့အတွက်ကြောင့် အခက်အခဲဖြစ်တယ် ” ဟု ဦးဘေးလယ်က ပြောပါသည်။

၎င်းဒေသရှိလယ်ယာမြေများသည် အဓိက မိုးဗြဲဆည်မြောင်းမှ လွှတ်ပေးသည့်ရေများဖြင့် အများဆုံးစိုက်ပျိုးကြသည်။ စပါးစိုက်ပျိုးသည့်အချိန်တွင် ရေကိုအချိန်မှန်မလွှတ်ပေးနိုင်သောကြောင့် ရေမလုံလောက်ခြင်းဖြစ်သည်။

နွေစပါးစိုက်ပျိုးခြင်းသည် စားဝတ်နေရေးဖူလုံရန် အဓိကကျသောကြောင့် စိုက်ပျိုးကြသည်ဖြစ်သော်လည်း မိုးစပါးထက် နွေစပါးသည် အကုန်အကျပိုများကြောင်းလည်းသိရသည်။ တောင်သူများ နွေစပါးစိုက်ပျိုးချိန် ရင်ဆိုင်နေရသော အခက်အခဲများကို တောင်သူကွန်ယက်အဖွဲ့မှဖြစ်စေ ၊ အစိုးရဌာနဆိုင်ရာများမှဖြစ်စေ နည်းပညာများကို ပံ့ပိုးပေးရန် တောင်သူများက မျှော်လင့်နေကြသည်။

“ဘိုးဘွားလက်ထက်ကဆို လုပ်ခဲ့ဖူးတဲ့ဟာ မဟုတ်ဘူးပေါ့နော်။ အရင်တုန်းက မိုးလောက်ပဲလုပ်တာ၊ နောက်ပိုင်း ဆည်တွေရှိလာပြီး စိုက်ပျိုးလို့ရမယ့် အခြေအနေရှိလာပြီး အခက်အခဲက နွေကပိုရှိတာပေါ့။” ဟု မိုးဗြဲတောင်သူလယ်သမားကွန်ယက်အဖွဲ့မှ ဦးစိန်ဝင်းက ပြောပါသည်။

စိုက်ပျိုးပြီးသည့်အချိန်တွင်လည်း လယ်ကွင်းထဲတွင်ရှိသည့် ဗျိုင်း၊ စာကလေးငှက်နှင့် ကြွက်များ ဖျက်ဆီးခြင်းခံနေရကြောင်း သိရသည်။ ယခင်နှစ်များတွင် လယ်ထဲရှိ ခရုနီ၊ ဂဏန်းကောင်များလည်း စပါးပင်များကို ဖျက်ဆီးခြင်းခံခဲ့ရဖူးသည်ဟု မိုးဗြဲရှိလယ်သမားတစ်ဦးဖြစ်သည့် ဦးဖိုးတုတ်က ပြောပါသည်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...