မြန်မာရှေးဟောင်းသုတေသနပညာအသင်း၏ မေတ္တာရပ်ခံချက်တွင်ပါရှိသည့် အကြောင်းအရာအား AA ကန့်ကွက်

မြန်မာရှေးဟောင်းသုတေသနပညာအသင်း၏ မေတ္တာရပ်ခံချက်တွင်ပါရှိသည့် အကြောင်းအရာအား AA ကန့်ကွက်

မြန်မာရှေးဟောင်းသုတေသနပညာအသင်းမှ မတ်လ ၁၈ ရက်နေ့ရက်စွဲဖြင့် မေတ္တာရပ်ခံချက် ထုတ်ပြန်ရာတွင်ပါရှိသည့် အကြောင်းအရာနှင့်ပတ်သက်၍ ရက္ခိုင့်တပ်မတော်(AA)မှ ကန့်ကွက် ကြောင်း မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ မေတ္တာရပ်ခံချက်တွင် တပ်မတော်နှင့် AA တို့ ထိတွေ့တိုက်ပွဲများကြောင့် မတ်လ ၁၅ ရက် နေ့တွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ထုက္ကန်သိမ်ပုထိုးအနီးတွင်တည်ရှိသည့် အမွေ အနှစ်ထိန်းသိမ်းရေး ဂိတ်တဲနှင့် အနောက်မြေထဲဘုရားတွင် လက်နက်ကြီးထိမှန်ခဲ့သည့် သတင်းများ ထွက်ပေါ်လာခဲ့ကြောင်း ဖော်ပြထားသည်။

မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသကို စစ်မဲ့ဇုန်အဖြစ် နှစ်ဖက်အဖွဲ့အစည်းများမှ သဘော တူညီချက်ထားရှိပေးရန်လည်း မြန်မာရှေးဟောင်းသုတေသနပညာအသင်းမှ မေတ္တာရပ်ခံထားသည်။

ထိုသို့ ရေးသားချက်သည် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုကျူးလွန်နေသည့်ကိစ္စရပ်ထဲတွင် မိမိတို့အား ဆွဲသွင်းကာ ပူးသတ်စွပ်စွဲသော ရေးသားချက်ဖြစ်ကြောင်း AA မှ ထုတ်ပြန်သည်။

ထို့ပြင် မှန်ကန်မှုမရှိသော သတင်းများကိုရေးသားခြင်းမှာ မြန်မာရှေးဟောင်းသုတေသနပညာ အသင်း၏ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်သောကြောင့် သတိထားရေးစေလိုကြောင်းလည်း AA မှ ဆိုသည်။

ရက္ခိုင့်တပ်မတော် (AA)အနေဖြင့် မတ်လ ၁၅ ရက်နေ့တွင် မြောက်ဦးမြို့၌ တိုက်ပွဲများမရှိခဲ့ ကြောင်းနှင့် မတ်လ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင်လည်း မြောက်ဦးမြို့ပေါ်၌ မည်သည့်တိုက်ပွဲမှ မရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သို့သော်လည်း မြန်မာ့တပ်မတော်မှ ပြောဆိုရာတွင် မတ်လ ၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် AA ဘက်မှ ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောသည်။

မြောက်ဦးမြို့ဒေသခံများကမူ ၎င်းနေ့ညတွင် တပ်မတော်မှ ကား ၈ စီးခန့်ဖြင့် မြောက်ဦးမြို့ထဲသို့ ဝင်ရောက်လာကာ ထမ္မရာဇ်ရပ်ကွက်မှ အလယ်ဈေးတံတားအထိ ပစ်ခတ်သွားခဲ့ကြောင်း ပြောဆို ကြသည်။

ထိုသို့ မြောက်ဦးမြို့အတွင်း သေနတ်ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ၈ ဦးအထိ ဒဏ်ရာ ရရှိကာ ဆေးကုသမှုခံယူနေကြရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...