ဒေါက်တာအေးမောင်နှင့်ဝေဟင်အောင်တို့ကို ထောင်ဒဏ် နှစ် (၂၀) စီချမှတ်

ဒေါက်တာအေးမောင်နှင့်ဝေဟင်အောင်တို့ကို ထောင်ဒဏ် နှစ် (၂၀) စီချမှတ်

ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဌဟောင်း ဒေါက်တာအေးမောင်နှင့်စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့်နိုင်ငံတော်ပုန်ကန်မှုတို့ဖြင့် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ်(၂၀)စီ ချမှတ် လိုက်သည်။

၎င်းတို့ကို  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)အတွက် ထောင်ဒဏ် ၂ စီနှင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ် မ ၁၂၂ အတွက် ထောင်ဒဏ် ၂၀ နှစ်စီ၊တစ်ပေါင်းတည်း ကျခံစေရန် စုစုပေါင်း ထောင်ဒဏ် ၂၀ နှစ် ချမှတ် လိုက်ခြင်းဖြစ်သည်။

“ပုဒ်မ ၅၀၅(ခ)အတွက် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၂၂ အတွက် ထောင်ဒဏ် အနှစ် ၂၀၊ ဒီနှစ်မှုကို တစ် ပေါင်းတည်း ချုပ်ရက်ကို နုတ်ယူခံစားစေဆိုပြီး အမိန့်ချလိုက်တယ်။နှစ်ပေါင်း ၂၀ ပေါ့ ”ဟု ဝေဟင်အောင်၏ အမှုကို လိုက်ပါဆောင်ရွက်ခဲ့သည့် တရားလွှတ်တော် ရှေ့နေ  ဒေါ်အေးနုစိန်က ပြောသည်။

၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့တွင် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ် အခြာအာဏာ ကျရှုံးသည့်နေ့တွင် စာပေဟောပြောခဲ့မှုနှင့်ပတ်သက်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ပုန်ကန်မှုနှင့် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)(၂)ဖြင့် အမှုဖွင့်ခဲ့သည်။သို့သော် သက်သေ ခိုင်မာမှုမရှိသောကြောင့် မတရားအသင်းဆက်သွယ်မပုဒ်မကို ခရိုင်တရားရုံးက ပယ်ဖျက်ခဲ့သည်။

၁၉၇၃ ခု၊စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း ပုဒ်မ ၂၂ နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၅၃ တို့တွင် တစ်ခုတည်း၊လူတစ်ယောက်တည်း၏ တစ်ကြိမ်တည်းဆောက်ရွက်ချက်ကို ပြစ်မှု အသီးသီး မြောက် သော်လည်း တစ်ကြိမ်တည်းစွဲဆိုရန်၊အပြစ်ပေးရမည်ဟု ပြဌာန်းထားသည်။သို့သော် ၎င်းတို့၏ အမှုကို သုံးကြိမ်ခွဲပြီး စွဲဆိုကာ နှစ်ကြိမ်ခွဲပြီး အပြစ်ပေးသောကြောင့် တည်ဆဲဥပဒေနှင့်အညီ ဆန့်ကျင်ပြီး စီရင် ဆုံးဖြတ် ခဲ့ခြင်းဟု ဒေါ်အေးနုစိန်က ပြောသည်။

“ဒီလို ချလိုက်တဲ့အပေါ်မှာ မြန်မာနိုင်ငံမှာ တည်ဆဲဥပဒေနဲ့အညီ တရားမစီရင်ဘူးဆိုတဲ့ အနေအထားကို ကွင်းကွင်းကွက်ကွက် မြင်သာစေတယ်” ဟု ဒေါ်အေးနုစိန်က ဆိုသည်။

ယခုကဲ့သို့ ဒေါက်တာအေးမောင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံလိုက်ရခြင်းနှင့်ပတ်သက်ပြီး ပြည်နယ်တရားရုံးသို့ အယူခံဝင်မည်ဟု ပြောသည်။

“အယူခံတက်မှာပေါ့နော်။ ခရိုင်တရားရုံးရဲ့ မကျေနပ်ဘူးဆိုလို့ရှိရင် ပြည်နယ်တရားလွှတ်တော်ကို အယူခံ တက်လို့ရတယ်။တရားရုံးက ချတဲ့ အမိန့်ကို မကျေနပ်ရင် အပေါ်ကို တက်ရုံပဲ ရှိတယ် ”ဟု ဒေါက်တာ အေးမောင် အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးစံရွှေမောင်က ဆိုသည်။

သို့သော် ဝေဟင်အောင်အတွက် အယူခံဝင်မည်၊မဝင်မည်ကိုတော့ သူ၏ ရှေ့နေက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

“ဒီနိုင်ငံ ၊ဒီတရားစီရင်ရေးဟာ သူ့ရဲ့ အယူခံပိုင်ခွင့်အရ ဖြောင့်မှန်စွာ တရားစီရင်ခွင့်တော့ ရှိလိမ့်မယ် လို့ ယူဆရင် အယူခံ တက်ရောက်လိမ့်မယ်။ ဘယ်လောက်ထိ ဥပဒေတွေ ပြဌာန်းထားပေမယ့် ဥပဒေမှာ ဘယ်လိုပဲ ရှိစေကမူ ဆန္ဒစွဲတွေနဲ့၊အငြိုးတွေနဲ့ ဒီလိုသာ စီရင်ဆုံးဖြတ်တယ်လို့ ခံစားရရင် သူအယူခံ တက်မှာမဟုတ်ဘူး ”ဟု ဒေါ်အေးနုစိန်က ပြောသည်။

ဒေါက်တာအေးမောင်နှင့်ဝေဟင်အောင်တို့ကို အမိန့်ချလိုက်သည်ဟု သတင်းကြားရချိန်တွင် တရားရုံးပြင်ပတွင် ရောက်နေသည့် လူထုနှင့် တရားရုံးအတွင်းသို့ ရောက်နေသည့် လူထုများက ၎င်းတို့နှစ်ဦးကို လွှတ်ပေးရန်  တောင်းဆိုကြခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။တစ်ချို့မှာ ငိုကြွေးခဲ့ကြသည်ကို တွေ့လိုက်ရသည်။

ခရိုင်တရားရုံးသို့ ဒေါက်တာအေးမောင် ဦးဆောင်ပါဝင်နေသည့် ရခိုင့်ဦးဆောင်ပါတီက ပါတီဝင်များမှာ ရင်ဘတ် တွင် တံဆိပ်များကပ်ပြီးလာရောက်ကာ ရခိုင်အမျိုးသားပါတီဝင်များ၊ရသေ့တောင်၊မင်းပြား၊စစ်တွေမြို့ ကျေးရွာ တစ်ချို့က ဒေသခံများလည်း လာရောက်နားထောင်ခဲ့ကြသည်။ထို့ကြောင့် ရဲတပ်ဖွဲ့က ခြံတံခါးအပြင်နှင့် အထဲ တို့တွင်လည်း လုံခြုံရေး တင်းကျပ်စွာ ချထားခဲ့ကြသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...