ဗျူဟာမှူးနေထိုင်သော စခန်းအား အပြီးသတ်တိုက်ခိုက်ဟု AA ထုတ်ပြန်

ဗျူဟာမှူးနေထိုင်သော စခန်းအား အပြီးသတ်တိုက်ခိုက်ဟု AA ထုတ်ပြန်

ပလက်ဝမြို့နယ်၊ပီချောင်းဒေသ၊ပြန်ဆိုရွာ တောင်ဖက် (၅.၅)ကီလိုမီတာတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗျူဟာမှူးနေထိုင်သော စခန်းအား အပြီးသတ်တိုက်ခိုက်ခဲ့သည်ဟု ရက္ခိုင့်တပ်မ တော်(AA) က မတ်လ ၁၁ ရက်၊ညနေပိုင်းတွင် ထုတ်ပြန်သည်။

ယင်းနေရာတွင် မတ်လ(၉) ရက်နေ့၊နေ့လည် (၁) နာရီခန့်တွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ (၄) နာရီ (၃၀) မိနစ်အထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခဲ့သည်။ နေ့လယ် (၂) နာရီ အချိန်တွင် တပ်မတော်သည် ရဟတ်ယာဉ်(၂) စီးပေါ်မှ စက်သေနတ်၊ ရော့ကတ်လောင်ချာများဖြင့်မိနစ်(၂၅) မိနစ်ခန့်ကြာ လာရောက် ပစ်ခတ်တိုက်ခိုက် ခဲ့ရသည် အထိတိုက်ပွဲပြင်းထန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဖမ်းဆီးရမိသောသုံ့ပန်းများပြောပြချက်အရ ယခုနေရာမှာ ဗျူဟာမှူး ယာယီအခြေစိုက်နေသော နေရာဖြစ် ကြောင်းသိရှိခဲ့ရသည်”ဟု AA ဘက်က ထုတ်ပြန်သည်။

ယခုတိုက်ပွဲသည် မတ်လအတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများ ထဲတွင်အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပြီး တပ်မတော်၏ ဗျူဟာကုန်း အားညနေ(၆) နာရီခန့်တွင် အပြီးသတ် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ သည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတိုက်ပွဲအတွင်း(၁) ၈၁ မမပြောင်းရှည် (၁) လက်၊(၂) ၈၁ မမ ဗုံးသီး (၁၄)လုံး၊(၃) ၆၀ မမ ပြောင်းရှည် ချိန်ခွင်ပါ အစုံ(၂) လက်၊(၄) ၆၀ မမ ဗုံးသီး (၂၀) လုံး၊(၅) ၆၀ မမ ပို့ယမ်းထုပ် (၂၃၁) ထုပ်၊(၆)RPG-7ဗုံးသီး(၂၇) လုံး၊(၇)RPG-7ပို့ကျည် (၁၃) ခု၊(၈) BA-100 ဗုံးသီး (၁၆) လုံး၊(၉) MA-1 (၃) လက်၊(၁၀) MA-2 (၂) လက်၊(၁၁) MA-3 (၃) လက်၊(၁၂) MA-4 (၁) လက်၊(၁၃) MA Series ကျည်ဘောက် (၁၆)ဘောက် စသည့် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် သုံ့ပန်း(၁၁) ဦးတို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။ ယင်းကိစ္စကို အတည်ပြုနိုင်ရန် အတွက် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို တယ်လီဖုန်းဖြင့် ငါးကြိမ်တိတိ ဆက်သွယ် ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိပေ။ယင်းအပြင် အနောက်ပိုင်း တိုင်းစစ်ဌာန ချုပ် နယ်မြေမှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးထံ ဆက်သွယ်သော်လည်း သူ၏ တပည့်ဆိုသူက “အဘမရှိ” ဟုဆိုသော ကြောင့် တပ်မတော်နှင့် အဆက်အသွယ်မရရှိခဲ့ပေ။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...