UNFC အဖွဲ့ဝင်မှ နုတ်ထွက်ရန် KNPP ဗဟိုကော်မတီဝင်များ ဆွေးနွေးနေဟုသိရ

UNFC အဖွဲ့ဝင်မှ နုတ်ထွက်ရန် KNPP ဗဟိုကော်မတီဝင်များ ဆွေးနွေးနေဟုသိရ

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ နုတ်ထွက်ရန် ဗဟိုကော်မတီ အစည်းအဝေးတွင် ဆွေးနွေးတိုင်ပင်ထားကြောင်း သိရသည်။

̏ ထွက်မယ်။ ဘယ်လိုပြောရမလဲ… သေချာတော့မပြောနိုင်သေးဘူးပေါ့၊ ဒါပေမယ့် လုပ်မယ်ဆိုလည်း ကျနော်တို့ဘဲ မလုပ်ဘူးဆိုလည်း ကျနော်တို့ဘဲကျန်တယ်လေ မထူးတော့ဘူး၊ ဒီအဖွဲ့အစည်း နားလိုက်တာပဲကောင်းမယ်လို့ ပြောကြတယ်။ ဒါပေမယ့် အတည်ပြုချက်တော့မရသေးဘူး ˝ဟု KNPP အတွင်းရေးမှူး ၂ ခူးဒယ်နီယယ်က ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ် NCA ထိုးခြင်းမထိုးခြင်းသည်လည်း ဆွေးနွေးချက်များအပေါ်တွင်သာ မူတည်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိတွင် KNPPနှင့် ANC တို့သာ စာရင်းထဲတွင် အမာခံအဖြစ်ကျန်ရှိနေပြီး ကျန်သည့်အဖွဲ့များသည် နုတ်ထွက်ခွင့်တောင်းထားကြောင်း နိုင်ငံရေးလေ့လာသူ ကျော်ထင်အောင်ကပြောသည်။

̏ KNPP နှင့် ANC ပဲ အာမခံကျန် NMSP နှင့် LDU က လက်မှတ်ထိုးသွားပြီး SSPP က NCA အဖြေမဟုတ် ဆိုတဲ့ FPNCC ထဲ ပါသွားပြီး နုတ်ထွက်ခွင့် တောင်းထားပေမဲ့ တရားဝင် နုတ်ထွက်ခွင့် မရသေး၊ ဒါကြောင့် KNPP က Bi lateral နဲ့ ပြန်စကားပြောနေခြင်းဖြစ်တယ်၊ ဒီလ ၃၁ ရက်နေ့ EAOs ထိပ်သီး ညီလာခံမှာ အဖြေတွေပေါ်လာမယ်˝ ဟု ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင် PC နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ကိုယ်စားလှယ် တို့ ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်ပြီး မတ်လ ၁၀ ရက်နေ့ ထိုင်းနိုင်ငံချင်းမိုင်တွင် တွေ့ဆုံကြသည်ဟုသိရသည်။ NCAထိုးရေးမထိုးရေးသည်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ်တွင် မူတည်ကြောင်း ခူးဒယ်နီယယ်က ပြောသည်။

̏ NCA ထိုးဖို့တော့ ဆွေးနွေးမှုအပေါ်မှာပဲ မူတည်တယ်။ ဆွေးနွေးတဲ့အချိန်ကျရင် အဖြေဘယ်လိုထွက်လာမလဲ မသိသေးဘူး၊ ကျနော်တို့တောင်းဆိုထားတာတွေ လိုချင်တာတွေ အဆင်ပြေမယ်ဆိုရင် ထိုးသင့်ရင်ထိုးမယ်˝ ဟုပြောသည်။

KNPP သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရနှင့် ညှိနှိုင်းနေသည့် အဖွဲ့ဖြစ်ကာ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင်လည်းဖြစ်သည်။

လက်ရှိတွင် UNFCအဖွဲ့ဝင် ၅ဖွဲ့ရှိပြီး ရှမ်းပြည်တိုးတက်ရေးပါတီ SSPP သည်လည်း ၂၀၁၇ ခုနှစ် သြဂုတ်လတွင် နုတ်ထွက်စာ တင်ထားသကဲ့သို့ NCA လက်မှတ်ထိုးခဲ့သည့် မွန်ပြည်သစ်ပါတီနှင့် လားဟူအဖွဲ့ LDU တို့လည်း နုတ်ထွက်ခွင့် တောင်းထားကြောင်း သိရသည်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...