ရန်ကုန်-စစ်တွေကားလမ်းတွင် ရဲယာဉ်တန်းမိုင်းခွဲခံရမှုကြောင့် ရဲနှစ်ဦးသေဆုံး

ရန်ကုန်-စစ်တွေကားလမ်းတွင် ရဲယာဉ်တန်းမိုင်းခွဲခံရမှုကြောင့် ရဲနှစ်ဦးသေဆုံး

ပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာကျေးရွာနှင့်ကြံခင်းကျေးရွာအကြား ရန်ကုန်-စစ်တွေကားလမ်းတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ညနေ ၇ နာရီကျော်အချိန်ခန့်က ရဲကားယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ရဲနှစ်ဦးသေဆုံးသွားခဲ့ ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“ ကားနှစ်စီးပျက်သွားတယ်။  ရဲနှစ်ဦး သေဆုံးတယ်။ စစ်တွေဘက်က တစ်ဦး အမ်းကတစ်ဦးထင်တယ်။ နောက်ကားနှစ်စီးက ကျောက်တော်ဘက်သို့ပြန်လှည့် သွားတယ်ကြားတယ်။ မိုင်း ၄ လုံးမှာ ၃ လုံးပေါက်တယ် ၁ လုံးမပေါက်ဘူး ” ဟု ၎င်းက ဆိုသည်။

ရဲကားများကို  မည်သည့်အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်းကို အတိအကျမသိသေးကြောင်း ပုဏ္ဏားကျွန်း မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

 “မိုင်းကွဲပြီးတော့ တိုက်ခိုက်မှုဖြစ်စဉ်တော့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အတိကျဖြစ်စဉ်ကိုတော့ ပြောလို့မရသေးပါဘူးခင်ဗျာ။ အမှုဖွင့်ပြီးတဲ့အခါ ကျမှ တိကျပြောနိုင်ပါမယ် ” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့မှုကြောင့် ပန်းနီလာကျေးရွာသားများမှာ ကျေးရွာအနီးရှိ ရွှေနတ်ပြင်၊ဦးရှည့်စွယ် စသော ကျေးရွာသို့ ထွက်ပြေးသွားခဲ့ကြပြီး တစ်ချို့မှာ လက်ရှိအချိန်ထိ ပြန်မလာရဲသေးကြောင်း ပန်းနီလာဒေသခံ ဦးဦး ဘသန်းက ဆိုသည်။

“ ဂျိန်းဆိုပြီးတော့ ပေါက်ကွဲသံ တစ်ချက်နှစ်ချက်ကြားလိုက်ပါတယ်။ ပြီးတော့ ပစ်ခတ်သံဆက်တိုက် ၁၀ မိနစ်ခန့်ကြားလိုက်ရပါတယ်။ ကျွန်တော်တို့ ရွာသားတွေကလည်း ကြောက်လန့်ပြီးထွက်ပြေးခဲ့ပါတယ်။ ရွှေနတ်ပြင်ရွာကို ထွက်ပြေးတဲ့အချိန် တံတားက ကြည့်တော့ ကားပွိုင့်မီးလင်းနေတာကို လည်းတွေ့ခဲ့ရပါတယ် ” ဟု ၎င်းက ပြောသည်။

ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် ကားများနှင့် မပေါက်ကွဲဘဲကျန်ရှိနေသေးသော မိုင်းများကို ယနေ့ နေ့လည်ပိုင်းက တာဝန်ရှိသူများက လာရောက်ရှင်းလင်းခဲ့ကြောင်း အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင် လတ်ထံက သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့ကလည်း ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့က အရာရှိ များ လိုက်ပါလာသော ယာဉ်တန်းသည် မြောက်ဦးမြို့အနီးတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...