စိုက်ပျိူးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ် ၊ Anna Service ကုမ္ပဏီတို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ လေတပ် (ခ) ကျေးရွာရှိ Mini-Grid Hydropower Project ( အသေးစားရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်း)အား (၂၇.၂.၂၀၁၈) ရက်နေ့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းနှင့် ပြည်နယ်/ခရိုင်/မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတာဝန်ရှိ သူများမှ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းကြန့်ကြာမှုများအား ကျော်လွှားနိုင်ရေးတို့ကို အကြံပြုဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
Published
Thursday, February 28, 2019
ထန်တလန်မြို့နယ်၊ လေတပ် (ခ) ကျေးရွာရှိ အသေးစားရေအားလျှပ်စစ်စီမံကိန်း ကွင်းဆင်းစစ်ဆေး







