ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း ယမန်နေ့(ဖေဖော်ဝါရီလ ၂၆ ရက်)၊ညနေ (၅)နာရီ ကျော်အချိန်က အမှိုက်ပုံမီးရှိုးရာတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သောကြောင့် သန့်ရှင်းရေး ဆောင်ရွက်နေသည့် ဝန်ထမ်း(၈)ဦး ဒဏ်ရာအသီးသီး (မစိုးရိမ်ရ) ရရှိသွားသည်ဟု ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ အနောက်ဘက် ပေ(၃၀)ခန့်အကွာတွင်ရှိသည့် ခြုံအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ဝန်ထမ်း (၅၀)ခန့်ဖြင့် မီးရှိုးရှင်းလင်းခဲ့သည်။ထိုသို့ရှင်းလင်းစဉ် ပေါက်ကွဲစဉ် ဒဏ်ရာရရှိသွားသောကြောင့် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရသည် ဟု ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြစ်စဉ်အသေးစိတ်ကို သိရှိနိုင်ရန်အတွက် စစ်ဆေးဆောင်ရွက်လျက် ရှိ သည်ဟု ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။







