မောင်တောမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းချသူ ၁ ဦးနှင့် သုံးစွဲနေသူ လူငယ် ၆ ဦးတို့ကို ဖမ်းဆီး

မောင်တောမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းချသူ ၁ ဦးနှင့် သုံးစွဲနေသူ လူငယ် ၆ ဦးတို့ကို ဖမ်းဆီး

မောင်တောမြို့နယ် ဂုံးနားကျေးရွာရှိ နေအိမ်တစ်လုံးတွင် မူးယစ်ဆေးဝါးများ ရောင်းချနေသူတစ်ဦးနှင့် သုံးစွဲနေသည့် လူငယ် ၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောခရိုင် မူးယစ်အထူးတပ်ဖွဲ့စု ၄၆ မှ သိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မူးယစ်အထူးတပ်ဖွဲ့မှ သတင်းအရဝင်ရောက်ရှာဖွေ ရာတွင် မူးယစ်ဆေးဝါးရောင်းချနေသူ မာမမတ်ရော်ဖီး (ခ) ဟမတ်ရာဖီးနှင့်အတူ မူးယစ်ဆေး ၂၀၈ ပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် မူးယစ်ဆေး သုံးစွဲနေသည့် အသက် ၁၇ နှစ်မှ ၂၆ နှစ်အတွင်းရှိကြသော လူငယ် ၆ ဦးတို့ကိုလည်း မူးယစ်ဆေးသုံးစွဲသည့်ပစ္စည်များဖြစ်သည့် ပိုက်တပ်ကော်ဗူးအဖြူရောင် ၂ ဗူး၊ အညိုရောင် ကော်ဗူး ၂ ဗူး၊ အစိမ်းရောင် ၃ ဗူး၊ ဂစ်မီးခြစ်ရောင်စုံ ၄ လုံး၊ ဆေးပြားရှူသည့် ခဲပြားအပိုင်းအစ ၃ ခုနှင့် ဆိုင်ကယ်တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးများရောင်းချနေသည့် မာမတ်ရော်ဖီးနှင့် မူးယစ်ဆေးဝါးသုံးစွဲနေသူများဖြစ်သည့် အောင်သိန်း၊ ဇေယျထွန်း၊ ဖြိုးရာဇာထွန်း၊ အောင်မျိုးဇော်၊ ဘုန်းမြင့်ထူးနှင့် သန်းအေးဇော်တို့ကို ပြင်ဖြူရဲစခန်းတွင် မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...