မီဇိုရမ်ပြည်နယ်ကိုရောက်ရှိလာသော ကလေးတက္ကသိုလ်မှ Falam Phunsang Tlawngta Pawlkom (FPTP) အဖွဲ့သည် ဖေဖော်ဝါရီ (၂၁) ရက်နေ့ညနေပိုင်းတွင် Mizo Students’ Union အဖွဲ့နှင့် တွေ့ဆုံခဲ့ရာ ယခုနှစ်အတွင်း Chinlung Cultural Exchange ပွဲတော် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
Chhinlung Cultural Exchange ပွဲတော်ကြီးကို အိန္ဒိယ-ဘင်္ဂလားဒေရှ့်နှင့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ချင်း (ဇိုး) မျိူးနွယ်စုများ ချစ်ကြည်ရင်းနှီးမှု ကောင်းမွန်လာစေရေးအတွက် လွန်ခဲ့သော ၂၀၁၄ ခုနှစ်က ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ကျင်းပခဲ့ကြပြီးဖြစ်သည်။
ယခု ၂၀၁၉ ခုနှစ်တွင် ပြန်လည်ကျင်းပရန် MSU နှင့် ယင်းတွေ့ဆုံပွဲတွင် ဆုံးဖြတ်ခဲ့ကြသည်ဟု FPTP ဥက္ကဌ Salai Van Thawng Thang က ပြောသည်။
“ဒီပွဲတော်ကို လွန်ခဲ့သော ၂၀၁၄ ခုနှစ်က ဟားခါးမြို့မှာ ကျင်းပခဲ့ပြီးပြီဖြစ်တယ်၊ ယခုတခါ MSU နှင့် လက်တွဲပြီး ဒီနှစ်မှာ ကျင်းပဖို့ ဆုံးဖြတ်ကြတယ်၊ ကျင်းပမည့်နေရာအတွက် ဆုံးဖြတ်ထားတာမရှိသေးပေမယ့် ဖလမ်း၊ ကလေး၊ အိုက်ဇောလ် တနေရာရာ ဖြစ်ဖို့ ရာထားတယ်” ဟုပြောသည်။ မီဇိုရမ်ပြည်နယ်ရှိ Mizo Student Union က အဆိုပါပွဲအတွက် လိုအပ်သည့်ပရောဂျက်များရေးဆွဲပြီး ဝန်ကြီးထံ တင်ပြသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါပွဲဖြစ်မြောက်ရေးအတွက် အသေးစိတ် ပြန်လည်ဆွေးနွေးသွားမည်ဟု Salai Van Thawng Thang က ပြောသည်။







