Chhinlung Cultural Exchange ပွဲတော်ကို ယခုနှစ်အတွင်း ကျင်းပမည်

Chhinlung Cultural Exchange ပွဲတော်ကို ယခုနှစ်အတွင်း ကျင်းပမည်

မီဇိုရမ်ပြည်နယ်ကိုရောက်ရှိလာသော ကလေးတက္ကသိုလ်မှ Falam Phunsang Tlawngta Pawlkom (FPTP) အဖွဲ့သည် ဖေဖော်ဝါရီ (၂၁) ရက်နေ့ညနေပိုင်းတွင် Mizo Students’ Union အဖွဲ့နှင့် တွေ့ဆုံခဲ့ရာ ယခုနှစ်အတွင်း Chinlung Cultural Exchange ပွဲတော် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

Chhinlung Cultural Exchange ပွဲတော်ကြီးကို အိန္ဒိယ-ဘင်္ဂလားဒေရှ့်နှင့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ချင်း (ဇိုး) မျိူးနွယ်စုများ ချစ်ကြည်ရင်းနှီးမှု ကောင်းမွန်လာစေရေးအတွက် လွန်ခဲ့သော ၂၀၁၄ ခုနှစ်က ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ကျင်းပခဲ့ကြပြီးဖြစ်သည်။

ယခု ၂၀၁၉ ခုနှစ်တွင် ပြန်လည်ကျင်းပရန် MSU နှင့် ယင်းတွေ့ဆုံပွဲတွင် ဆုံးဖြတ်ခဲ့ကြသည်ဟု FPTP ဥက္ကဌ Salai Van Thawng Thang က ပြောသည်။

“ဒီပွဲတော်ကို လွန်ခဲ့သော ၂၀၁၄ ခုနှစ်က ဟားခါးမြို့မှာ ကျင်းပခဲ့ပြီးပြီဖြစ်တယ်၊ ယခုတခါ MSU နှင့် လက်တွဲပြီး ဒီနှစ်မှာ ကျင်းပဖို့ ဆုံးဖြတ်ကြတယ်၊ ကျင်းပမည့်နေရာအတွက် ဆုံးဖြတ်ထားတာမရှိသေးပေမယ့် ဖလမ်း၊ ကလေး၊ အိုက်ဇောလ် တနေရာရာ ဖြစ်ဖို့ ရာထားတယ်” ဟုပြောသည်။ မီဇိုရမ်ပြည်နယ်ရှိ Mizo Student Union က အဆိုပါပွဲအတွက် လိုအပ်သည့်ပရောဂျက်များရေးဆွဲပြီး ဝန်ကြီးထံ တင်ပြသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါပွဲဖြစ်မြောက်ရေးအတွက် အသေးစိတ် ပြန်လည်ဆွေးနွေးသွားမည်ဟု Salai Van Thawng Thang က ပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...