ပလက်ဝမြို့နယ် သံထောင်ကျေးရွာအုပ်ချူပ်ရေးမှူးနှင့် ရဲစခန်းမှူးကို AA တပ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွား

ပလက်ဝမြို့နယ် သံထောင်ကျေးရွာအုပ်ချူပ်ရေးမှူးနှင့် ရဲစခန်းမှူးကို AA တပ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွား

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဖုန်လောင်းဒေသ၊ သံထောင်ကျေးရွာအုပ်ချူပ်ရေးမှူးနှင့် ရဲစခန်းမှူးတို့ကို ရခိုင်လက်နက်ကိုင် (AA) တပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းက ဖမ်းဆီးခေါ်သွားသည်ဟု ပလက်ဝမှလာသောသတင်းအရ သိရသည်။

ရခိုင်လက်နက်ကိုင် (AA) တပ်ဖွဲ့သည် ယနေ့နံနက်ပိုင်း (၃) နာရီခန့်က သံထောင်ကျေးရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အုပ်ချူပ်ရေးမှူးနှင့် စခန်းမှူးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ပလက်၀ အရပ်ဖက်အဖွဲ့အစည်းမှ ဦးဆောင်သူတစ်ဦးကပြောတယ်။

“ရဲစခန်းကို ဝင်တိုက်တာ၊ လူအသေအပျောက်တော့မရှိဘူး၊ စခန်းမှူးနဲ့အုပ်ချူပ်ရေးမှူးကို ဖမ်းခေါ်သွားတယ်’’ ဟု ၎င်းကပြောသည်။

သံထောင်ကျေးရွာသည် ချင်းအနွယ်ဝင်းများဖြစ်သော ဒိုင်၊ လေးတူ၊ ဟဲတွီ မျိူးနွယ်စုများနေထိုင်သည့် ကျေးရွာဖြစ်ပြီး လူဦးရေ (၁၀၀) ကျော်ခန့်ရှိသည်ဟု သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...