ချင်းပြည်နယ်လွှတ်တော် ဒု-ဥက္ကဌကို ပါတီဗဟိုကနေ ရာထူးမှ အနားယူခိုင်းဟုဆို

ချင်းပြည်နယ်လွှတ်တော် ဒု-ဥက္ကဌကို ပါတီဗဟိုကနေ ရာထူးမှ အနားယူခိုင်းဟုဆို

ချင်းပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဦးအောင်သန်းကို (NLD) ပါတီဗဟိုကနေ ရာထူးမှ အနားယူခိုင်းလိုက်သည်ဟု စုံစမ်းသိရှိရသည်။

ချင်းပြည်နယ် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီ အတွင်းရေးမှူးလည်းဖြစ်သည့် ဦးအောင်သန်းအား လွှတ်တော် ဒု-ဥက္ကဌ ရာထူးကနေ အနားပေးခံရသည့်သတင်းနှင့်ပတ်သက်၍ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့က ယခုလိုပြောဆိုပါသည်။

“အနားယူခိုင်းတာဟုတ်ပါတယ်၊ အပေါ်ကနေ နားခိုင်းတာဆိုတော့ ကျနော်တို့ကတော့ ဘာမှမသိဘူး” ဟု ဦးဇိုဘွဲ့ကပြောသည်။

ဦးအောင်သန်း အနားယူမည့်ကိစ္စကိုလည်း ဖေဖော်ဝါရီလကကျင်းပသည့် ချင်းပြည်နယ် လွှတ်တော်အစည်းဝေးတွင် ဦးဇိုဘွဲ့က လွှတ်တော်ကိုယ်စားလှယ်များထံ ပြောဆိုခဲ့သည်ဟု ထန်တလန်မြို့နယ် မဲဆန္ဒနယ်မြေမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်ကပြောသည်။

“ကျွန်တော်တို့ လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌက အဲလိုပြောသွားတာ၊ ကျွန်တော်တို့လည်း အံ့သြသွားတယ်” ဟု ဒေါက်တာမှုထန်ကပြောသည်။

အဆိုပါ လွှတ်တော်အစည်းအဝေးတွင်လည်း လွှတ်တော် ဒု-ဥက္ကဌ ဦးအောင်သန်းသည် ခွင့်ယူထားပြီး အစည်းအဝေးတက်မလာကြောင်း သူကဆက်ပြောသည်။

ဦးအောင်သန်းကို မည်သည့်ကိစ္စကြောင့် ရာထူးမှ အနားယူခိုင်းသည်ကို မသိရသေးပေ။

သို့သော်လည်း NLD ပါတီအတွင်း အချင်းချင်းပြသနာကြောင့် တိုင်းကြားခံရသည့်အတွက် ယခုကဲ့သို့ အထက်မှ အနားယူခိုင်းခြင်းဖြစ်နိုင်သည်ဟု ချင်းပြည်နယ် NLD ပါတီအသိုင်းအဝန်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံကနေ သိရသည်။

ယင်းကိစ္စပတ်သက်၍ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိူးညွန့်ကို ဆက်သွယ်မေးမြန်းရာ ယခုလိုပြောဆိုပါသည်။

“ကျနော်တို့ ဒီသတင်းနဲ့ဘာမှတ်ချက်မှမပေးပါဘူး၊ ဘာစာမှလည်း ကျနော်တို့ဆီ မရောက်ပါဘူး’’ ဟု ဒေါက်တာမျိူးညွန့်ကပြောသည်။

ဦးအောင်သန်းသည် ၁၉၉၀ ခုနှစ်ကတည်းက မင်းတပ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တွင် အင်တိုက်အားတိုက် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မင်းတပ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီးနောက် ချင်းပြည်နယ်လွှတ်တော် ဒု-ဥက္ကဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...