သျှမ်း ၂ ဖွဲ့ တိုက်ပွဲ နမ့်လန် စစ်ရှောင် ၅၀၀ကျော် ရောက်၊ မိုင်းထိမှန်သူ ၂ ဦး မကယ်ထုတ်နိုင်သေး

သျှမ်း ၂ ဖွဲ့ တိုက်ပွဲ နမ့်လန် စစ်ရှောင် ၅၀၀ကျော် ရောက်၊ မိုင်းထိမှန်သူ ၂ ဦး မကယ်ထုတ်နိုင်သေး
Photo Credit to Shar Htat Paing/ မန်လီဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်များ
Photo Credit to Shar Htat Paing/ မန်လီဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်များ

သျှမ်းပြည် တောင်ပိုင်း နှင့် မြောက်ပိုင်း နယ်စပ်တွင် RCSS နှင့် SSPP တိုက်ပွဲဖြစ်မှုကြောင့် စစ်ဘေးရှောင် ၅၀၀ ကျော်နှင့်မိုင်းထိမှန်သူ ၂ ဦး ရှိကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၀ ရက်မနက်ပိုင်းကဖြစ်ပွါးသော တိုက်ပွဲသည် သီပေါမြို့နယ် နမ့်လန်မြို့ မန်လီအုပ်စုအတွင်းရှိ လွယ်ငင်းကျေးရွာ နှင့် ပါကမ်းကျေးရွာ အနီးတွင် တောင်ကြောတွင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၅၂၀ ကျော်သည် သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့နယ် မန်လီကျေးရွာ ဘုန်ကြီးကျောင်းတွင် လာရောက်ခိုလှုံနေကြပြီး၊ မိုင်းထိမှန်သည့် အမျိုးသား ၂ ဦးအား နယ်စည်းမခြားနှင့် Dear Ranger (နမ့်လန်) လူမှု ကူညီရေး အသင်းတို့မှ ကူညီကယ်ထုတ်ရန်ကြိုးစားနေကြောင်း သိရသည်။

“ စစ်ရှောင်တွေအတွက်တော့ စားဝတ်နေရေး လိုအပ်နေပါတယ်။ ကျနော်တို့ ဘက်ကတော့ တတ်နိုင်သလောက် လှူဒါန်းထားပါတယ်။ နောက်မိုင်းထိတဲ့ ၂ ဦးကို အမြန်ဆုံးကယ်ထုတ်နိုင်ဖို့ ကျနေ်ာတို့ ကြိုးစားနေကြပါတယ်” ဟု Dear Ranger (နမ့်လန်) လူမှု ကူညီရေး အသင်းမှ ကိုဇော်ညီညီ ကပြောသည်။

မိုင်းထိမှန်သည့် အမျိုးသား၂ ဦးသည် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် မန်လီအုပ်စုမြောက်ဘက် လွယ်ငင်း ကျေးရွာ ဘုန်းကြီးကျောင်းတွင် စောင့်ဆိုင်းနေကြကြောင်း ကိုဇော်ညီညီ က ဆိုပါသည်။

တိုက်ပွဲဖြစ်သည့် နေရာသည် လွင်ငင်းကျေးရွာ နှင့် တမိုင်အကွာတွင်သာ ရှိကြောင်း သီပေါ၊ မိုင်းကိုင်၊ ကျေးသီး ထိစပ်ရာ တောင်ကြောတွင်ဖြစ်ကြောင်း သိရသည်။

သျှမ်းတပ် ၂ဖွဲ့သည် ၂၀၁၈ ခုနစ် နိုဝင်ဘာ လကုန် တွင် စတင်ဖြစ်ပွားခဲ့ရာ လက်ရှိ စစ်မီးမှာ ပိုမိုတင်းမာလာပြီး ပြည်သူများ ထိခိုက်မှု ပိုများလာကြောင်းလည်း လူမှုကူညီရေးအသင်းများက ပြောဆိုကြသည်။

May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...