မြောက်ပိုင်းမဟာမိတ်တပ်နှင့် RCSS တပ်တို့ နမ္မတူမြို့နယ်အတွင်းတိုက်ပွဲဖြစ် ဒေသခံ ၃ ဦးဒဏ်ရာရ

မြောက်ပိုင်းမဟာမိတ်တပ်နှင့် RCSS တပ်တို့ နမ္မတူမြို့နယ်အတွင်းတိုက်ပွဲဖြစ် ဒေသခံ ၃ ဦးဒဏ်ရာရ
Photo by Mansam Youth /မန်စံရွာအနီးတွင်ဖြစ်ပွါးသောတိုက်ပွဲအား ကုန်းဖလားတောင်ကုန်းမှတွေ့ရစဉ်
Photo by Mansam Youth /မန်စံရွာအနီးတွင်ဖြစ်ပွါးသောတိုက်ပွဲအား ကုန်းဖလားတောင်ကုန်းမှတွေ့ရစဉ်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုဘက်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့အကြား တိုက်ပွဲကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရှိသည့်အပြင် ဘုန်းတော်ကြီးကျောင်းလည်းထိမှန်သည်ဟု သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၁၆ ရက် ယနေ့မနက်ပိုင်းက နမ္မတူမြို့နယ်အတွင်း RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၀င်များဖြစ်ကြသည့် TNLA တပ် နှင့် SSPP တို့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားကြောင်း၊ တိုက်ပွဲကြောင့် စိုင်းလေး၊ စိုင်းမြင့် နှင့် စိုင်းမူးအွန်တို့ ဒေသခံ ၃ ဦး အသီးသီးဒဏ်ရာရှိသည့်အပြင် ဘုန်းကြီးကျောင်း၊ ယောဂီကျောင်းဆောင်များ ကျဉ်ထိမှန်ကြောင်း၊ နှစ်ဘက်တပ်သားများလဲ ထိခိုက်ဒဏ်ရာ ရရှိမှုများကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“နားကျိုင်းရွာဘက်မှာ တပ်ပေါင်းစုက ရှိနေတယ်။ RCSS စစ်ကြောင်းဝင်လာတော့ ပစ်ကြတာပေါ့။ ဘယ်အဖွဲ့ က ပစ်လဲတော့မသိဘူး ရွာသားပီစိုင်းလေးဆိုသူ ခြေထောက်ထိမှန်တယ်။ အခု သူ့ကို မန္တလေးဆေးရုံပို့ထားတယ်၊ စိုင်းမူးအွန်ကတော့ သီပေါ ဆေးရုံကိုပို့ဆောင်ထားတယ် “- ဟု ဒဏ်ရာရရှိသူတဦး၏ မိသားစုဝင်တဦးကပြောသည်။အလားတူ မန်စံရွာတောင်ဘက်ရှိ နားကျိုင်းရွာဘက်တွင်တိုက်ပွဲဖြစ်ပွါးရာ ရွာသား စိုင်းမြင့်မှာလည်း ပါးတွင်လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

မန်ဟောင်ကျောင်းတွင်တိုက်ပွဲဖြစ်ပွားသောကြောင့် ဘုန်းတော်ကြီးများ၊ ကိုယ်ရင်ငယ်လေးများ၊ ဝေယျာဝစ္စများ ထိပ်လန့်ပြီး စစ်ဘေးစစ်ဒဏ်မှ တိမ်းရှောင်ရကြောင်း၊ စစ်ဘေးရှောင်သူများ ပြောပြချက်အရ သိရသည်။

“မန်စံရွာရဲ့မြောက်ဘက် မန်ဟောင်ကမ္မဌာန်းကျောင်းဘက်မှာလည်း သူတို့ပစ်ကြတယ်လေ။ ညနေပိုင်းမှာပစ်တာ။ ယောဂီကျောင်းဆောင်တွေထိတယ်။ တော်သေးတယ်မနက်ပိုင်းတုန်းကမှ တရားစခန်းပိတ်ရေစက်ချအလှူပြုနေကြတာ။ ခုမန်စံမှာ ရွာသားတော်တော်များများမနေရဲကြတော့ဘူး” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS တို့သည် ပြီးခဲ့သည့်အပတ်ကတည်းကပင် မန်စံရွာ မြောက်ဘက်ဘက်တွင်တိုက်ပွဲကြောင်း၊ တိုက်ပွဲကြောင့် နားဟုတ်ရွာ၊ နာင်ငင်းရွာ ၊ မန်မိုင်၊ ဆာမ်ခါရွာ နှင့် နားငူးရွာ သူရွာသား ရာဂဏန်း စစ်ဘေးစစ်ဒဏ်သင့်ကာ နေရပ်မှ တိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင်ကူညီသူတဦးကပြောသည်။

၄င်းရွာသားများ အိမ်ထောင်စု ၂၀၀ ခန့်မှာ ပန်ဆပြေဘုန်းကြီးကျောင်း ၊ ပုဗ္ဗါရုံကျောင်း၊ မန်စံရွှေစကားဝါမြောက်ကျောင်း၊ မန်စံကုန်းဖလားကျောင်း၊ မန်စံ တီအားစီဘော်တာဆောင်၊ မိုင်းမုကျေးရွာဘုန်းကြီးကျောင်းတို့တွင် စစ်ဘေးရှောင်နေကြကြောင်း သိရသည်။

ကျောက်မဲမြို့နယ်ဘက်တွင်လည်း အဆိုပါတပ်များ တိုက်ပွဲဖြစ်ပွားသောကြောင့်ဒေသခံ ရ၀၀ ထက်မနည်း စစ်ဘေးရှောင်နေရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...