ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ အမှုအတွက် အပြီးသတ်လျှောက်လဲချက်ပေးမည့်ရက် ရွှေ့ဆိုင်း

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ အမှုအတွက် အပြီးသတ်လျှောက်လဲချက်ပေးမည့်ရက် ရွှေ့ဆိုင်း

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုများဖြင့် တရားရင်ဆိုင်နေရသည့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အမှုအတွက် အပြီးသတ်လျှောက်လဲချက်ပေးမည့်ရက်ကို မေလ ၁ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ယနေ့ဖော်ဖော်ဝါရီလ ၁၅ ရက်နေ့တွင် အပြီးသတ်လျှောက်လဲချက်ပေးရန် ချိန်းဆိုထားသော်လည်း စစ်တွေခရိုင်တရားသူကြီးမရောက်သဖြင့် မေလ ၁ ရက်နေ့တွင် ထပ်မံချိန်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အခုက ခရိုင်တရားသူကြီး နေပြည်တော်မှာ အစည်းဝေးတက်နေတယ်။ ဆိုတော့ ရုံးချိန်နှစ်ပတ်အဖြစ် လာမယ့် မတ်လ ၁ ရက်နေ့ကိုချိန်းလိုက်တယ်။ အဲဒီနေ့မတိုင်ခင်မှာ တရားသူကြီးရောက်မယ်ဆိုတော့ မတ်လ ၁ ရက်နေ့မှာ လျှောက်လဲချက်ပေးဖြစ်ပါမယ် ” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့နှစ်ဦး အမှုရင်ဆိုင်နေရသည်မှာ တစ်နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်ပြီး ၎င်းတို့နှစ်ဦးအား စွဲဆိုထားသည့်အမှုတွင် လျှောက်လဲချက်ကြားနာရန်နှင့် အပြီးသတ် အမိန့်ချရန်သာ ကျန်ရှိတော့သည်။

ယနေ့ရုံးထုတ်တွင် လုံခြုံရေးကို ပုံမှန်ထက်တိုးချထားပြီး မီဒီယာများနှင့် စကားပြောဆိုခွင့်ကိုလည်း လုံခြုံရေးအရဟုဆိုကာ ရဲတာဝန်ရှိသူများမှ တားမြစ်မှုရှိခဲ့သည်။

“စကားပြောခွင့်ပေးစေချင်တယ်။ စကားပြောတယ်ဆိုတာက ငြိမ်းချမ်းစေချင်၊ ပြေလည်စေချင်လို့ပြောတာ။ အဲဒါကို အတင်းလုပ်တယ်ဆိုရင် ကရင်နီပြည်နယ်မှာ ဘာဖြစ်သွားလဲဆိုတာကို သင်ခန်းစာယူပါ ” ဟု ဒေါက်တာအေးမောင်က ယနေ့ရုံးချိန်းအပြီးတွင် ပြောဆိုခဲ့သည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးအား ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့တွင်ပြုလုပ်ခဲ့သည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်းအထိမ်းအမှတ် စာပေဟောပြောပွဲတွင် ပြောကြားချက်များနှင့် ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် လက်ရှိအမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...