စစ်တွေမြို့တွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျရာမှ ၅ တန်းကျောင်းသားတစ်ဦး သေဆုံး

စစ်တွေမြို့တွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျရာမှ ၅ တန်းကျောင်းသားတစ်ဦး သေဆုံး

စစ်တွေမြို့ လမ်းမတော်တောင်ရက်ကွက်(၁)တွင် လမ်းမီးတိုင်မှ လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ၍ အသက် ၁၁ နှစ်အရွယ် ပဉ္စမတန်းကျောင်းသားတစ်ဦး သေဆုံးမှု ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန်က ဖြစ်ပွားခဲ့သည်။

ဓာတ်လိုက်သေဆုံးသွားသည့် ကလေးငယ်မှာ ပဉ္စမတန်းဖြေဆိုထားသူ မောင်အောင်နေစိုးဖြစ်ပြီး ၎င်း၏ သူငယ်ချင်းများနှင့်အတူ အိမ်ရှေ့အနီးရှိလမ်းတွင် ကစားနေစဉ် မောင်အောင်နေစိုး၏ ကိုယ်ပေါ်သို့ ဓာတ်ကြိုး ပြတ်ကျလာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ နံနက်အစောပိုင်းက ၎င်းရပ်ကွက်တွင် လျှပ်စစ်ဌာနမှ မီးကြိုးသွယ်တန်းမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ယခုကဲ့သို့ မောင်အောင်နေစိုးကိုယ်ပေါ်သို့ လျှပ်စစ်ဓာတ်ကြိုး ပြုတ်ကျလာခဲ့ခြင်းဖြစ်ကြောင်း မိဘများက ဆိုသည်။

ထိုသို့ မီးလုပ်သူများပေါ့ဆမှုကြောင့် မောင်အောင်နေစိုးကဲ့သို့ သေဆုံးမှုများ ထပ်မံ မဖြစ်စေလိုကြောင်းနှင့် ရပ်ရွာများတွင် လျှပ်စစ်မီးများ ပျက်စီးမှုရှိပါကလည်း ဌာနမှကျွမ်းကျင်သူများ လာရောက်စစ်ဆေးပေးစေလိုကြောင်း မောင်အောင်နေစိုးဖခင် ဦးခင်အောင်ထွန်းက ပြောသည်။

“မီးလုပ်သူတွေက တစိုက်မတ်မတ်လုပ်သင့်တယ်။ မီးလုပ်တဲ့သူတွေပေါ့ဆလို့ ကျွန်တော့်သားကို ဆုံးရှုံး လိုက်ရပြီ” ဟု ၎င်းက ပြောသည်။

သေဆုံးသွားသည့် မောင်အောင်နေစိုးမှာ စာတော်သည့် ကလေးတစ်ဦးဖြစ်ပြီး ဆုတံဆိပ်များစွာ ရရှိထားသူဖြစ်ကြောင်းလည်း သိရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...