ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် CCERR အဖွဲ့မှ ကူညီထောက်ပံ့မည်

ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် CCERR အဖွဲ့မှ ကူညီထောက်ပံ့မည်

မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့ကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ပလက်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ဟားခါးမြို့အခြေစိုက် ပြည်သူ့အကျိုးပြု ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (Community Care For Emergency Response AndRehabitation – CCERR) မှ အလှူငွေများ ကောက်ခံနေကြောင်းသိရသည်။

CCERR အဖွဲ့မှ ဒေါ် Biak Mawi Sung က “ပလက်ဝဆိုတာ ကျွန်မတို့ချင်းလူမျိုးတွေပေါ့နော်၊ ချင်းလူမျိုးတွေဖြစ်တဲ့အခါကြတော့ ဒီလိုမျိုးစစ်ဘေးရှောင်တွေတွက် ကျွန်မတို့လူမျိုးတူတယ်၊ ညီအစ်ကိုတွေပေါ့၊ အဲလိုမျိုးအခြေအနေတွေရှိတယ်၊ ဒီလိုမျိုးသူတို့ဒုက္ခရောက်တဲ့အချိန်မှာ ကျွန်မတို့ဒီတိုင်းမကြည့်ပဲနဲ့ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ကျွန်မတို့အခု တတ်နိုင်တာဆိုတာ ငွေသားနှင့်ပဲ ပူးပေါင်းပါဝင်ပေးနိုင်တယ်လေ၊ ကျွန်မတို့ရဲ့လုပ်ပေးနိုင်တာက သူတို့အတွက် နေထိုင်စားသောက်မှုစားရိတ်ပဲဖြစ်ဖြစ်၊ တစ်ခြား သူတို့ရဲ့ လိုအပ်ချက်တွေပေါ့၊ ကျွန်မတို့ဖြည့်ဆည်းပေးချင်တာပါ” ဟု ပြောသည်။

စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့နိုင်ရေးအတွက် ပလက်ဝမြို့နယ်မှအပ ကျန်ရှိသည့် ချင်းပြည်နယ်မြို့နယ်များအားလုံးတွင် ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ စေတနာရှင်များထံ ယခုလအတွင်း အပြီးကောက်ခံပြီး မတ်လအတွင်း ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ရန်မျှော်လင့်ကြောင်း သူမကဆက်ပြောသည်။

ယခုလက်ရှိ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် (AA) အကြား တိုက်ပွဲများပိုမိုပြင်းထန်လာပြီး ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည်များပိုမိုတိုးလာနေသည်။

ဒုက္ခသည်တချိူ့မှာ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေရှ့်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပြည်သူ့အကျိုးပြု ပြန်လည်ထူထောင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း (CCERR) အနေဖြင့် ယခုကဲ့သို့ ကူညီထောက်ပံ့ပေးမှုကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်ရှိ ချင်းအနွယ်ဝင် မြို့မျိူးနွယ်စုများထံသို့ သွားရောက်ပေးအပ်ခဲ့ပြီးဖြစ်သည်ဟုသိရသည်။ (ဓာတ်ပုံ – ကိုကျော်အောင်)

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...