လားရှိုးမြို့နယ်အတွင်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွါး

လားရှိုးမြို့နယ်အတွင်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွါး
Photo by Mao Mong Jet / မိုင်းကျက်ရွာ
Photo by Mao Mong Jet / မိုင်းကျက်ရွာ

သျှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးမြိုု့နယ် အတွင်း မြန်မာတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တို့ကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွါးခဲ့ရာ ယနေ့မနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွါးနေသေးကြောင်းသိရသည်။

မြန်မာ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များဖြစ်သည် လားရှိုးမြို့နယ် လားရှိုးအရှေ့ဘက် သံလွင်မြစ်ကမ်းရှိ မိုင်းကျက်ရွာ ပန်ကောင်းမူးကျေးရွာတွင် ယနေ့ဖေဖော်ဝါရီလ ၁၄ ရက်မနက်ပိုင်း မှ မွန်းတည့်ချိန်အထိ ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ ပြီးခဲ့တဲ့အပတ်ကလည်း တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲငြိမ်သွားတာ ၃ ၊ ၄ ရက်ပဲရှိသေးတယ်။ အခုပြန်ဖြစ်ပြန်ပြီ။ အခုချိန်ထိတော့ စစ်ဘေးရှောင်တဲ့သူတွေ မရှိသေးဘူး ။ ” ဟု မိုင်းကက် ဒေသခံ လုံးဆမ် ကပြောသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲသည် မိုက်ကျက်ရွာမြောက်ဘက် ကွတ်ခိုင် နှင့် သိန္နီ လမ်းပေါ်တွင် တည်ရှိကြောင်း မိုင်းကျက်မှ ၂၅ မိုင်ခန့်ဝေးကြောင်း သိရသည်။

တပ်မတော်ဘက်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ချက်ဖြင့် သျှမ်းပြည်နယ်အပါအဝင် တိုင်းစစ်ဌာနချုပ် (၅) တိုင်းတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ (၄) လတာ စစ်ဆင်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားမည်ဟု တရားဝင်ကြေညာထားပြီးဖြစ်သည်။

“ မြန်မာတပ်မတော်က တိုက်ပွဲ ၄ လ မဖြစ်ဖို့ကြေညာပြီး အခုတော့ပစ်ခတ်မှုတွေဖြစ်နေတာ ဘယ်လိုနားလည်ရမလဲတောင်မသိတော့ဘူး။ မိုင်းကျက်မှာဆိုရင်ဒီတလအတွင်းဘဲ တိုက်ပွဲ ၃ ကြိမ်ထက်မနည်းဖြစ်သွားပြီ။ ဒီနေ့ဖြစ်တဲ့ တိုက်ပွဲက ကချင်နဲ့ တအောင်း(ပလောင်) ရွာတွေလေ။ ” ဟု လုံးဆမ် က ဆိုပြန်သည်။

အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့သည် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ မိုင်းကျက်အတွင်းရှိ ၀မ့်ကောင်း၊ ဟိုဆော၊ ပန်ကော်၊ နမ့်ဝိုင် ရွာတို့ဘက်တွင် တိုက်ပွဲများဖြစ်ပွါးခဲ့ကြောင်းသိရသည်။

မိုင်းကျက်သည် သံလွင်မြစ်ကမ်းတွင်တည်ရှိပြီး မြန်မာတပ်မတော်၊ ပြည်သူ့စစ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များလှုပ်ရှားသည့်နေရာတခုဖြစ်သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...