ကျပ် သိန်း ၈၀၀ တန်ဖိုးရှိ ဗိုလ်ချုပ် မြင်းစီးကြေးရုပ် မိုးကောင်းတွင် စိုက်ထူ

ကျပ် သိန်း ၈၀၀ တန်ဖိုးရှိ ဗိုလ်ချုပ် မြင်းစီးကြေးရုပ် မိုးကောင်းတွင် စိုက်ထူ

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၉နာရီက ဖွင့်လှစ်ခဲ့ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

အဆိုပါဗိုလ်ချုပ်မြင်းစီး ကြေးရုပ်သည် အလျား ၁၄ပေ၊ အနံ၅ပေ၊ အမြင့် ၁၃ပေ၊ ကြေးပိဿာချိန် ၈၀၀ကျော် (၁ဒသမ၃ တန်) ရှိပြီး မိုးကောင်းမြို့ ဈေးကုန်ရပ်ကွက်ရှိ မြို့တော်ခန်းမတွင် စိုက်ထူထားရှိကြောင်း ရုပ်ထုဖြစ်မြောက်ရေး ကော်မတီဝင် ဦးဝင်းနိုင် က ယခုလို ကချင်သတင်းဌာန KNG ကိုပြောသည်။

“ဗိုလ်ချုပ်ရဲ့စိတ်ဓါတ်တွေ ဗိုလ်ချုပ်လုပ်ဆောင်ခဲ့သမျှတွေပြန်ပြီး အမှတ်ရစေဖို့ သမိုင်းတစ်ခုရဲ့ မှတ်တိုင်အဖြစ် စိုက်ထူတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အခမ်းအနားသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အလှူရှင်များ၊ ဒေသခံများ လူဦးရေ ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့ပေါ်ရှိ စေတနာရှင်အလှူရှင်များ၊ နိုင်ငံရေးပါတီများနှင့် လူမှုရေးအသင်းအဖွဲ့များက နံနက် ၇ နာရီမှစတင်၍ ညနေ ၅ နာရီအထိ စားသောက်ဖွယ်ရာမျိုးစုံတို့ဖြင့်လည်း ကျွေးမွေးဧည့်ခံခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုနေ့ အထိမ်းအမှတ်နှင့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုဖွင့်ပွဲ အထိမ်းအမှတ် စာပေဟောပြောပွဲ၊ အလွတ်တန်း ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး ပြိုင်ပွဲများလည်း ကျင်းပခဲ့ကြောင်းသိရသည်။

September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...