နိုင်ငံ့ဂုဏ်ဆောင် ချင်းတိုင်းရင်းသူအလှမယ် Regina Noi နှင့်တွေ့ဆုံခြင်း

နိုင်ငံ့ဂုဏ်ဆောင် ချင်းတိုင်းရင်းသူအလှမယ် Regina Noi နှင့်တွေ့ဆုံခြင်း

ဖိလစ်ပိုင်နိုင်ငံ၏မြို့တော် မနီလာမြို့တွင် ဇန်နဝါရီ (၂၀) မှ (၂၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော Little & Teen Glam International Pageant အလှမယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ချင်းတိုင်းရင်းသူ Regina Noi (ရီဂျီနာ နိုးဗီး) ကို ခိုနူမ်းသုန်မီဒီယာအဖွဲ့မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

အမည် – Regina Noi (Lalngurdawli)

အသက် – (၁၉) နှစ်

ပညာအရည်အချင်း – 2nd Year, English Major

ယှဉ်ပြိုင်ခဲ့သည့်ပြိုင်ပွဲများ – Miss Myanmar Beauty Paradise Chin State, Miss Myanmar Beauty Paradise 2019, Miss Teen Glam International 2019

ရရှိခဲ့သည့်ဆုများ – Best in Swim Wear, Miss Spoke Model

Regina ရဲ့ မိသားစုအကြောင်းလေး နည်းနည်းပြောပြပေးလို့ရမလား။

Regina တို့မှာ မိသားစုဝင် (၆) ယောက်ရှိတယ်။ အဖေရယ်၊ အမေရယ်၊ ညီအစ်မ (၄) ယောက်ရယ်ပေါ့။ Regina ကျတော့ အကြီးဆုံးကနေ သုံးယောက်မြောက်ပေါ့။

အနုပညာလောကထဲမဝင်ခင် Regina ရဲ့ သာမန်ဘဝအနေနဲ့ နေ့စဉ်ပုံမှန်လှုပ်ရှားမှု၊ လုပ်ဆောင်မှုလေး ပြောပြပေးမလား။

အနုပညာလောကထဲမဝင်ခင် Regina ကလေးတက္ကသိုလ်မှာ အင်္ဂလိပ်မေဂျာနဲ့ ဒုတိယနှစ်အထိ ပညာသင်ကြားတယ်။ ပညာသင်ကြားရင်းနဲ့ ဆရာကြီး Professor J. Khuma မှာ Assistant Teacher အနေနဲ့ ကူညီပေးတယ်။ မနက်ဆိုရင် ၈ နာရီကနေ ၉ နာရီအထိ ဆရာကြီးဆီမှာ Level 4 သင်တယ်။ ၉ နာရီကနေ ညနေ ၃ နာရီအထိက ကျောင်းချိန်ဖြစ်တယ်။ ၃ နာရီ Tutorial ပြီးပြီဆိုရင် အိမ်ပြန်တယ်။ ရေမိုးချိုး၊ ထမင်းစားပြီး ၄ နာရီကနေ ၆ နာရီအထိက သင်တန်းမှာ Assistant Teacher အနေနဲ့ သင်ပေးတယ်။ ပြီးရင် ၇ နာရီအထိက Private Time။ ည ၇ နာရီကနေ ၈ နာရီအထိကိုတော့ ကိုယ်ဝါသနာပါတဲ့ Gym ဆော့တယ်။

Regina ဝါသနာပါတာက။

ဝါသနာပါတာက စာသင်ပေးရတာ၊ စာဖတ်တာ၊ Gym ဆော့တာ ဝါသနာပါတယ်။

စာပေ၊ သရုပ်ဆောင်၊ ဂီတ စတဲ့နယ်ပယ်ထဲက ကိုယ်အားကျခဲ့ရတဲ့သူများရှိလား။

စာပေပိုင်းမှာ လင်းသိုက်ညွန့်ကို အားကျတယ်။ သူရေးတဲ့ ရသစာပေတွေဆိုရင်လည်း Regina ဖတ်ဖြစ်တယ်။ ကိုယ့်ရဲ့စိတ်ကိုလည်း Motivate ဖြစ်စေတယ်လို့လည်း ခံစားရတယ်ရှင့်။

ဘယ်တွန်းအားတွေကြောင့် Miss ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ခဲ့တာလဲ။ ဝင်ပြိုင်ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းလေး ပြောပြပေးပါလား။

ဘာကြောင့် Miss ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ခဲ့ရသလဲဆိုတော့ နိုင်ငံ့ဂုဏ်ဆောင်၊ လူမျိုးဂုဏ်ဆောင်တဲ့ Miss တစ်ယောက်ဖြစ်ချင်တယ်။ ဒါကြောင့် Miss Myanmar Beauty Paradise Chin State ဆိုတဲ့ Compitation မှာ ဝင်ရောက်ယှဉ်ပြိုင်တယ်။ အဲဒီမှာ ကလေး Winner အနေနဲ့ ဆုရတယ်။ အဲဒီနောက် ကလေး Representative အနေနဲ့ ရန်ကုန်မှာသွားရောက်ယှဉ်ပြိုင်ရတယ်။ ရန်ကုန်မှာသွားရောက်ယှဉ်ပြိုင်တဲ့အခါမှာ Miss Teen Glam International 2019 Award ကို ဆွတ်ခူးပြီး Philippines နိုင်ငံမှာ နိုင်ငံ့ဂုဏ်ဆောင်အနေနဲ့ သွားရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ရခြင်းဖြစ်ပါတယ်။

Philippines နိုင်ငံမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်တဲ့အခါမှာ ဆု (၂) ဆု ရခဲ့တယ်လို့ပြောတယ်။ အဲဒီဆုအကြောင်း ပြောပြပေးလို့ရမလား။

ရရှိခဲ့တဲ့ ဆု (၂) ဆုက Best in Swim Wear ဆုနဲ့ Miss Spoke Model ဆုတွေပေါ့။ Swim Wear နဲ့ ယှဉ်ပြိုင်ရခြင်းအကြောင်းအရင်းက အလှမယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ် အချိုးအဆစ် ကောက်ကြောင်းလေးတွေပေါ်အောင်၊ နောက် ကိုယ့်ရဲ့ အဝတ်အစားတွေအပေါ်မှာ ဘယ်လောက်ထိ Confident (ကိုယ့်ကိုကိုယ် ယုံကြည်မှု) ရှိလဲဆိုတာ ဖော်ပြပေးဖို့ ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်။ ဒုတိယဆုတစ်ခုဖြစ်တဲ့ Miss Spoke Model ကျတော့ အပြောစွမ်းရည်၊ အပြောအဆို ပြေပြစ်သွက်လက်တဲ့ဆုပေါ့။

Philippines မှာ ဘယ်လိုအတွေ့အကြုံတွေ ကြုံတွေ့ခဲ့ရသလဲ။

Philippines နိုင်ငံက Regina အရောက်ချင်ဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တယ်။v ဒါကြောင့် ရောက်ရောက်ချင်း အရမ်းပျော်တယ်။ နောက်ပြီး ခရစ်ယာန်ဘာသာဝင်တွေ အများဆုံးနေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်တယ်။ Philippines အစားအစာတွေကိုလည်း အရမ်းကို ကြိုက်နှစ်သက်တယ်။ ရာသီဥတုဆိုရင်လည်း သာယာတယ်။ မနီလာမြို့ ပူတယ်ဆိုပေမယ့်လည်း Regina တို့နေရတာက မြို့ပြင် Resort မှာဆိုတော့ အဲဒီမှာ ရာသီဥတု အရမ်းသာယာတယ်။ နောက်ပြီး Philippines နိုင်ငံသူ၊ နိုင်ငံသားတွေကလည်း အရမ်းကို ယဉ်ကျေးဖော်ရွေကြတယ်၊ ကူညီပေးကြတယ်။

ပြိုင်ပွဲအတွင်း ဘယ်လိုအခက်အခဲတွေကော ကြုံခဲ့ရသလဲ။

အခက်အခဲထွေထွေထူးထူးတော့ မကြုံခဲ့ရပါဘူး။ ဒါပေမယ့် နိုင်ငံတစ်ကာကv အလှမယ်တွေနဲ့ သွားရောက်ယှဉ်ပြိုင်ရတယ်ဆိုတဲ့အခါကျတော့ Depression (စိတ်အားငယ်၊စိတ်ဓာတ်ကျမှု) နည်းနည်းတော့ရှိတယ်။

ပြိုင်ပွဲမဝင်ခင် Miss တစ်ယောက်အနေနဲ့ ဘယ်လိုလေ့ကျင့်မှုတွေ လုပ်ခဲ့ရသလဲ။ ပြိုင်ပွဲမဝင်ခင် Miss တစ်ယောက်အနေနဲ့ အဓိကလိုအပ်တဲ့ Body, Beauty, Brain စတာတွေကို လေ့ကျင့်တယ်။ Body အတွက် Gym ဆော့ပြီးလေ့ကျင့်တယ်။ Beauty အတွက်ကျတော့ Self Makeup ဘယ်လိုပြင်မလဲ။ Brain ဆိုရင်တော့ အမေးအဖြေအတွက် လူထု/ပရိသတ်ကြားမှာ ဘယ်လိုမျိုးပြောဆိုရမလဲ ဆိုတာကို လေ့ကျင့်တာရှိတယ်။ နောက် နိုင်ငံခြားမှာ သွားရောက်ယှဉ်ပြိုင်ရမှာဆိုတော့ English Speaking ပိုင်းကို ကြိုပြီးတော့ လေ့လာထားရတာရှိတယ်။ Cat Walk တို့ Post ပေးတာတို့ သင်ထားရပါတယ်ရှင့်။

ရှေ့ဆက် ဘယ်အနုပညာလုပ်ငန်းတွေကို လုပ်ဖို့ရှိသလဲ။

အခုလက်ရှိမှာတော့ ပညာရေးကို အဓိက၊ ပထမထားပြီး လုပ်ဆောင်သွားမှာပေါ့။v ဘွဲ့ရပြီးရင်တော့ အနုပညာလုပ်ငန်းတွေကို ဆက်လုပ်သွားမှာပါ။ နောက်နှစ်ဆိုရင်လည်း Philippines နိုင်ငံက Organization တွေကနေ Regina ကို ကမ်းလှမ်းတာတွေရှိတယ်။ ဒါကြောင့် ၂၀၂၀ မှာ Philippines ကို နှစ်ကြိမ်သွားရမယ်။ ပထမအကြိမ်ကျတော့ မဂ္ဂဇင်းအတွက် ရိုက်ကူးရေးသွားလုပ်ရမယ်။ နောက်တစ်ကြိမ်ကတော့ ဒီလိုမျိုး Compitation လုပ်တဲ့အခါမှာ (Special Guest) အထူးဧည့်သည်တော်အဖြစ် ဖိတ်ခေါ်ခြင်းခံရတယ်။

အလှမယ်တစ်ယောက်အနေနဲ့ ပြည်သူလူထုကို ဘယ်လိုနည်းတွေနဲ့ အကျိုးပြုဖို့/ကူညီဖို့ စိတ်ကူးထားလဲ။

ပရဟိတလုပ်ပြီး ကူညီပေးချင်တယ်။ ဝေးလံခေါင်သီတဲ့ နေရာဒေသတွေမှာv ပညာရေးဘက်မှာ ချို့တဲ့နေတဲ့ကလေးငယ်တွေ အများကြီးရှိပါတယ်။ အဲဒီကလေးငယ်တွေကို ပညာရေးဘက်မှာ တစ်ထောင့်တစ်နေရာကနေ ကူညီပေးချင်တယ်။ Regina လည်း အရင်က စာသင်ပြပေးခဲ့ဖူးတယ်ဆိုတော့ အဲဒီကလေးငယ်တွေကို စာသင်ပေးချင်တယ်။ အကယ်၍များကိုယ်က အချိန်မရလို့၊ အခြေအနေမပေးလို့ ကိုယ်တိုင်ကိုယ်ကျ မသင်ပြပေးနိုင်ဘူးဆိုရင်တောင်မှ ကိုယ့်ရဲ့အနုပညာလုပ်အားခနဲ့ ရရှိတဲ့ငွေနဲ့ သူတို့ကို ပညာရေးဘက်မှာလိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေကို ထောက်ပံ့ပေးချင်တယ်။

ညီမရဲ့ပရိတ်သတ်တွေကိုပြောချင်တဲ့စကားက…

အခု Regina ကို အားပေးနေတဲ့ပရိသတ်တွေအပေါ် အထူးပဲကျေးဇူးတင်ရှိပါတယ်။ ဆက်ပြီးတော့ Regina ကို အားပေးကြပါ။ Regina လည်း အကောင်းဆုံးဖြစ်အောင် ဆက်ပြီးကြိုးစားသွားပါမယ်။ ကျေးဇူးတင်ပါတယ်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...