နမ္မတူမြစ် (မြစ်ငယ်မြစ်)ပေါ် ရေအားလျှပ်စစ်စီမံကိန်းမှ ကျန်ရှိကုမ္မဏီများအားလုံးနှုတ်ထွက်ပေးရန် Action for Shan State River တောင်းဆို

နမ္မတူမြစ် (မြစ်ငယ်မြစ်)ပေါ် ရေအားလျှပ်စစ်စီမံကိန်းမှ ကျန်ရှိကုမ္မဏီများအားလုံးနှုတ်ထွက်ပေးရန် Action for Shan State River တောင်းဆို
Photo Sipaw Youth/ နမ္မတူမြစ် (မြစ်ငယ်မြစ်)ပေါ် ရေကာတာစီမံကိန်း များအား ဒေသခံများက ၂၀၁၇ ခုနှစ်က ဆန့်ကျင်ကန့်ကွက်နေကြစဉ်
Photo Sipaw Youth/ နမ္မတူမြစ် (မြစ်ငယ်မြစ်)ပေါ် ရေကာတာစီမံကိန်း များအား ဒေသခံများက ၂၀၁၇ ခုနှစ်က ဆန့်ကျင်ကန့်ကွက်နေကြစဉ်

နမ္မတူမြစ်ပေါ်တွင်ဆောက်လုပ်မည့်ရေကာတာစီမံကိန်းအတွက် ပါ၀င်ထားသောပြင်သစ်နိုင်ငံ ကုမ္မဏီတခု နှုတ်ထွက်သွားသည့်အပေါ် ၀မ်းသာကြောင်းနှင့် ရေကာတာစီမံကိန်းတွင်ပါ၀င်နေသေးသော ကုမ္မဏီများအားလုံးလည်း နှုတ်ထွက်ပေးပါရန်တိုက်တွန်းကြောင်း ရှမ်းပြည်နယ် မြစ်ချောင်းများအတွက် လှုပ်ရှားမှုကွန်ယက်က ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး – မိမိသည်စီမံကိန်းမှ နှုတ်ထွက်ကြောင်း၊ ထို့အတွက် နာမည်ပျက် (Dirty List) စာရင်းမှပယ်ဖျက်ပေးပါရန် ပြင်သစ်နိုင်ငံ Engie ကုမ္မဏီသည် Burma Campaign UK ထံ ဇန်နဝါရီလက စာပေးပို့သည့်အပေါ် ၀မ်းမြောက်ဝမ်းသာကြိုဆိုကြောင်း၊ စီမံကိန်းရှိသည့်ဒေသသည် အေးချမ်းမှုမရှိသေးသော စစ်ရေးပဋိပက္ခဖြစ်သည့်နယ်မြေဖြစ်ကြောင်း၊ တဖက်တွင်လည်း ရေကာတာလုပ်ငန်းခွင်တွင် မြေပြိုမှုများ ရှိသဖြင့် ရေကာတာကြံ့ခိုင်မှုအတွက်လည်း စိုးရိမ်ရကြောင်းပါရှိပါသည်။

တာ့လုံဒေသခံ နန်းလောဝ်ခမ်းက – “ရေကာတာအလိုမရှိတဲ့ကျမတို့ဒေသခံတွေအတွက် အောင်မြင်မှုတခုဖြစ်ပါတယ်။ ကျန်တဲ့ကုမ္မဏီတွေလည်း နှုတ်ထွက်ပေးဖို့၊ စီမံကိန်းအတွက်ပြင်ဆင်နေတာတွေကိုရပ်တန့်ပေးဖို့တောင်းဆိုချင်ပါတယ်”- ဟု ပြောသည်။

တာ့လုံရွာအနီး နမ္မတူမြစ်ပေါ်တွင် တည်ဆောက်မည့်အဆိုပါ အထက်ရဲရွာရေကာတာ စီမံကိန်းအားလည်းဒေသခံများက အကြိမ်ကြိမ်ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

၂၀၁၈ နှစ်နှောင်းပိုင်းကလည်း နေပြည်တော်အောက်လွှတ်တော်တွင် အထက်ရဲရွာရေကာတာအတွက် ဘတ်ဂျက်တိုးမြှင့်ပေးရေးနှင့်ပတ်သက်ပြီး သီပေါမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကန့်ကွက်ခဲ့သော်လည်း မအောင်မြင်သည့်အပြင် လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနက – ဆန့်ကျင်ကန့်ကွက်နေသော ဒေသခံလူထုသည်တခြားအဖွဲ့အစည်းများ၏သွေးထိုးမှုကိုနားယောင်နေသည်- ဟုလည်းပြောဆိုဖြေကြားခဲ့သည်။

လက်ရှိရေကာတာစီမံကိန်းတွင်ပါ၀င်နေသော ကုမ္မဏီများမှာ ဆွိဇာလန်နိုင်ငံ၏ Stucky SA ကုမ္မဏီ၊ ပြင်သစ်နိုင်ငံ၏ IPGRB ၊ တရုတ်နိုင်ငံကုမ္မဏီနှင့် ဂျပန်နိုင်၏ Toshiba ၊ High Tech Concrete Technology Co. Ltd တို့ဖြစ်ကြောင်း အဆိုပါကြေငြာချက်တွင် ရေးသားဖော်ပြထားသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...