ဖားကန့် ကျေက်တူးသမားများ သတိဝိရိယ ရှိရန် ကချင် ဝန်ကြီး ပြော

ဖားကန့် ကျေက်တူးသမားများ သတိဝိရိယ ရှိရန် ကချင် ဝန်ကြီး ပြော

တပတ်အတွင်း ဖားကန့် တပိုင်တနိုင်ကျောက်တူးသမား ၉ ဦး သေဆုံးမှု ဖြစ်ပွားပြီးနောက် ‘ပြည်သူများ သတိဝိရိယနှင့် တူးဖော်စေလိုကြောင်း’ ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး သစ် ဦး Dashi La Seng ပြောသည်။

“ပြည်သူတွေအနေနဲ့ သတိဝိရိယထားပြီး တူးဖော်စေချင်တယ်” ဟု ဝန်ကြီး Dashi La Seng မှ တနင်္လာနေ့ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ကုမ္ပဏီကြီးများ နှင့် တပိုင်တနိုင်ကျောက်တူးဖော်နေသော ပြည်သူများအတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်းနှင့်အတူ သတိပေးနိုးဆော်ချက်များ၊ ကျောက်တူးဖော်ခြင်းနှင့် ပတ်သက်သော ပညာပေးမှု၊ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန်ရှိကြောင်း ဝန်ကြီး က ပြောပါသည်။

ဖေဖေါ်ဝါရီ ၄ ရက်နေ့ က ဆန်ခါကျေးရွာအနီး ရေမဆေးကျောက်ရှာဖွေများကို ကုမ္ပဏီစောင့် ရဲက သေနတ်ဖြင့်ပစ်သဖြင့် ၁ ဦးသေဆုံးပြီး ၎င်းနေ့မှာပဲ မှော်စီစာကျေးရွာအနီး မြေစာသွန်ကန်ထဲ မြေစာလျှောကျမှုကြောင့် ၂ ဦးသေဆုံးခဲ့သည်။ နောက်ထပ် ဖေဖေါ်ဝါရီ ၁၀ရက်နေ့ ဆိပ်မူအုပ်စု စပေါ့ကျေးရွာတွင် ကျောက်ကမ်းပါးပြိုကျမှုတွင် တပိုင်တနိုင်ကျောက်တူးသမား ၆ဦး ထပ်မံ သေဆုံးခဲ့သည်။

အစိုးရက ၂၀၁၈ ဒီဇင်ဘာလ ၁၈ ရက်နေ့ အစိုးရက အသစ် ပြဌာန်းသော အကြီးစား ကျောက်မျက်တူးဖော်မှုကို ပိတ်ပင်သည့် မြန်မာ့ကျောက်မျက်ဥပဒေ အရ ကုမ္ပဏီများကို ၅ဧက အောက်သာ တူးဖော်ရန် ခွင့်ပြုထားသည်။

ဥပဒေသစ် ထွက်မလာခင် အာဏာပိုင်များက ကျောက်မျက်ဥပဒေသစ် ရေးဆွဲမည်ဟုဆိုကာ ၂၀၁၆ ခုနှစ် ဧပြီလ က စပြီး ကျောက်မျက်လုပ်ကွက် သက်တမ်းတိုးပေးခြင်း ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...