မြစ်ဆုံ ရေကာတာ စီမံကိန်း လက်မခံကြောင်း နော်ေ၀ သံမှူးကြီးကို ပြောကြား

မြစ်ဆုံ ရေကာတာ စီမံကိန်း လက်မခံကြောင်း နော်ေ၀ သံမှူးကြီးကို ပြောကြား

မြစ်ဆုံရေကာတာ စီမံကိန်းကို လက်မခံကြောင်း ကချင်ပေါင်းစည်းပါတီအဖွဲ့ က မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံရုံး သံမှူးကြီး Lise Nordgaard နှင့် ယနေ့ ဖေဖေါ်ဝါရီ ၈ ရက်နေ့ မြစ်ကြီးနားမြို့ တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြစ်ဆုံ ကိစ္စ နော်ေ၀ သံမှူးကြီး၏ မေးမြန်းချက်ကို ‘ကချင်ပေါင်းစည်းပါတီအဖွဲ့ က လက်မခံကြောင်း’ ရှင်းရှင်းလင်းလင်း ဖြေကြားခဲ့သည်ဟု ပေါင်းစည်းပါတီအဖွဲ့ဝင် ကချင်ဒီမိုကရက်တစ်ပါတီ KDP ခေါင်းဆောင် ဦး Gumgrawng Awng Hkam က ကချင်သတင်းဌာန KNG ကို ပြောသည်။

ထို့အပြင် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးနှင့် စီးပွားရေး စီမံကိန်းများ လိုအပ်နေသော်လည်း စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီစနစ် ကျင့်သုံးချိန်မှသာ လုပ်ရမည်ဖြစ်ပြီး ယခုချိန်သည် ဒီမိုကရေစီ ဆိုသော်လည်း ဗဟိုချုပ်ကိုင်စနစ်ဖြစ်နေသောကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လက်မခံကြောင်ကို နော်ေ၀ သံမှူးကို ရှင်းပြခဲ့သည်ဟု သူက ဆက်ဆိုသည်။

နေ့လည် ၁နာရီမှ ၃နာရီကျော်ထိ အချိန် ၂နာရီကျော်ကြာ Palm Spring Hotel တွေ့ဆုံမှု တွင် ငြိမ်းချမ်းရေး အတွက် နော်ဝေမှပါဝင်ကူညီပေးမှုကို ကျေးဇူးတင်ပြီး ဆက်လက်ပါဝင် ကူညီပေးရန်လည်း ကချင်ပေါင်းစည်းပါတီ ခေါင်းဆောင်များ တိုက်တွန်းခဲ့ကြောင်း သိရသည်။

September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...