နမ့်လန်မြို့အဝင်အထွက်ဆိုင်းဘုတ်ဖွင့်လှစ်

နမ့်လန်မြို့အဝင်အထွက်ဆိုင်းဘုတ်ဖွင့်လှစ်

၇၂ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ မြို့အဝင်အထွက် ဆိုင်းဘုတ်အား ဖွင့်လှစ်ခြင်းအခမ်းအနားပြု လုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဖွင့်ပွဲသို့ ဆိုင်းဘုတ်အားတာဝန်ယူဆောက်လုပ်ပေးသည့် ကုမ္မဏီ၊ မြို့နယ်စည်ပင်သာယာ ဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးပြည့်ဖြိုးဟိန်း၊ မြို့နယ်အုပ်ချုပ်ရေးဌာန၊ မြို့မိမြို့ဖများ ဒေသခံများနှင့် သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ သံဃာတော်များ တက်ရောက်ခဲ့ကြသည်။

ဆိုင်းဘုတ်ထောင်ရေးတွင်ပါဝင်ဦးဆောင်ခဲ့သူ စိုင်းဆာမ်လျန်းက – “ကျနော်တို့လုပ်ထားတဲ့ ဆိုင်းဘုတ်ကတော့တခြားမြို့ကဆိုင်းဘုတ်နဲ့မတူတာတချက်ရှိတယ်။ နမ့်လန် မြို့နာမည်ကိုစာလုံးအကြီးကြီးနဲ့ရေးထားတယ်။ ကျန်တာဘာမှမရေးဘူး။ ဥပမာ ကြိုဆိုပါ၏ ။ နှုတ်ခွန်းဆက်ပါ၏ တို့ဘာတို့ထည့်မရေးဘူး။ ရှုပ်ယှက်ခတ်ကုန်မှာစိုးလို့လေ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ဆိုင်းဘုတ်အား ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ကစတင်တည်ဆောက်ခဲ့သည်။  ဆိုင်းဘုတ်ပုံစံ ၊ စာလုံးအပြင်အဆင်တို့အား အုပ်ချုပ်ရေးပိုင်းနှင့် ရပ်မိရပ်ဖများက ဆွေးနွေးသဘောတူပြီး သျှမ်းပြည်အလှ ကုမ္မဏီက ၄ လအကြာအချိန်ယူတည်ဆောက်ခဲ့ သည်။

နမ့်လန်မြို့အဝင်အထွက် ဆိုင်းဘုတ်သည် သျှမ်းစာ ၊မြန်မာစာ  နှင့်အင်္ဂလိပ်စာတို့ဖြင့်ရေးသားထားပါသည်။ ဆိုင်းဘုတ် အကျယ်က ပေ ၂၀ ပတ်လည်ရှိပြီး  အုဋ်ခုံမှာ  အလျား ၁၅ ပေ အနံ ၉ ပေရှိကြောင်း၊  ဆိုင်းဘုတ်ပြား  ၁၃ ပေကျယ်ကြောင်း၊ အမြင့်  ၁၀ ပေရှိပြီး ဆိုင်းဘုတ်အထူမှာ   ၂ ပေ ရှိကြောင်းသိရပါသည်။

မြို့အဝင် အထွက်  ဆိုင်းဘုတ် ၂ နေရာလုံးကို တရက်တည်းတပြိုင်တည်းပြုလုပ်ခဲ့ပြီး စုစုပေါင်းငွေကျပ်သိန်း ၁၀၀ ခန့် ကုန်ကျခဲ့ကြောင်းလည်းသိရပါသည်။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...