ကျောက်တော်မြို့နယ်တွင် နေအိမ်အချို့နှင့် ခရီးသွားစက်လှေများကို စစ်ဆေး

ကျောက်တော်မြို့နယ်တွင် နေအိမ်အချို့နှင့် ခရီးသွားစက်လှေများကို စစ်ဆေး
စက်လှေများကို စစ်ဆေးနေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Kyaw Hla Myint
စက်လှေများကို စစ်ဆေးနေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Kyaw Hla Myint

ကျောက်တော်မြို့နယ်အတွင်းမှ နေအိမ်အချို့နှင့် ခရီးသွားစက်လှေများကို ယခုရက်ပိုင်းအတွင်း စစ်ဆေး မှုများရှိလာနေကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာရှိ နေအိမ်အချို့အား ည ၁၁ နာရီ အချိန်ခန့်က ရဲနှင့် တပ်မတော်မှ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်း အစစ်ဆေးခံရသူများမှ ပြောသည်။

ထိုသု့ိစစ်ဆေးရာတွင် မည်သည့်အတွက်ကြောင့်စစ်ဆေးသည်ကို ပြောဆိုသွားခြင်းမရှိဘဲ နေအိမ်အတွင်း ဝင်ရောက်ကာ ပစ္စည်းများကို ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အစစ်ဆေးခံရသည့်နေအိမ်မှ ဒေါ်မတင်ရွှေက ဆိုသည်။

“ဘာကြောင့် စစ်ဆေးသလဲဆိုတာကိုလည်း မေးမရဘူး။ ဘာမှ မပြောဘူး။ ကျမ အမျိုးသားကို ဘယ်သွားလဲလို့ မေးတယ်။ သစ်ချဖို့အတွက် ကံချေပြင်ကိုသွားတယ်လို့ ပြောလိုက်တော့ ဒါဆို ယခုသွားမယ်တဲ့။ ကျမလဲ သွားလို့ပြောလိုက်ပါတယ်။ နောက်ပြီးတော့ အိမ်ကို မွေတယ်။ အိတ်တွေ၊ သေတ္တာတွေ ဖွင့်တယ်၊ စပါးကျီ၊ စပါးထုပ်၊ ဆန်ထုပ်တွေရော မွေသွားတယ် ” ဟု ဒေါ်မတင်ရွှေက ပြောသည်။

ယခုကဲ့သို့ အစစ်ဆေးခံရသည်မှာ ပန်းဖဲချောင်းကျေးရွာမှ နေအိမ် ၃ လုံးနှင့် ဆန်စက်တစ်လုံး ပါဝင်ကြောင်း သိရသည်။

“အိမ်ပေါ်တက်ပြီး မွှေတယ်၊ သေတ္တာတွေ ဖွင့်တယ်၊ အိတ်ဟူသမျှ အကုန်လုံးကြည့်တယ်။ အဝတ်အစား တွေမကျန်ရှာတယ်။ ရှာတဲ့အခါမှာ ဘာမှမတွေ့တော့ ပြန်သွားကြတယ် ’’ ဟု နေအိမ်ဝင်ရောက်ရှာဖွေခံရသူ ဦးကျော်စိန်လှက ပြောသည်။

ဖေဖေါ်ဝါရီလ ၆ ရက်နေ့တွင် ကျောက်တော်မြို့ စက်လှေဆိပ်တွင် လိုင်းစက်လှေပေါ်၌ စီးနင်းလိုက်ပါ လာသည့် ခရီးသည်များ၏ အသွား/အပြန်ကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ စစ်ဆေးမှုတွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ထွေ/အုပ်၊ လဝက၊ သစ်တောနှင့် မီးသတ်တပ်ဖွဲ့များ အပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့လည်း ပါဝင်ကြောင်း စစ်ဆေးခံရသူများက ဆိုသည်။

ကျေးရွာများအတွင်း AA အဖွဲ့မှ ဝင်ရောက်မှု ရှိ၊ မရှိကို ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦးနှင့် မြေပုံမြို့နယ်များတွင် စစ်ဆေးရန် ဇန်နဝါရီ ၂၅ ရက်နေ့ ရက်စွဲဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထားသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...