ကလေးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကျပ်သိန်းတစ်ထောင်ရရှိ

ကလေးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကျပ်သိန်းတစ်ထောင်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် (၅၂) ခု အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်ဖွံ့ဖြိုးရေးရန်ပုံငွေမှ ကျပ်သိန်းတစ်ထောင်တိတိရရှိကြောင်း ကလေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ရှာမ်းမီးထံမှသိရသည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီမှ ကလေးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်၊ ဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရန်၊ ဖွံ့ဖြိုးရေးရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့်သုံးစွဲခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (ဃ) အရ ခွင့်ပြုမိန့်ရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ကလေးမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအတွက် တင်ပြထားသောအကြောင်းအရာများမှာ ကလေးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ဆောင်ရွက်ရမည့် ရေရရှိရေးလုပ်ငန်း (၄) ခုအတွက် ကျပ်သိန်း (၆၁.၀၀)၊ ကျေးလက် လမ်း/တံတားလုပ်ငန်း (၄၄) ခုအတွက် ကျပ်သိန်း (၈၂၀.၀၀)၊ ပြည်သူလူထူအမှန်တကယ်လိုအပ်သော အခြားလုပ်ငန်း (၄) ခု အတွက် ကျပ်သိန်း (၈၉.၀၀) နှင့် အထွေထွေအသုံးစရိတ်အတွက် ကျပ်သိန်း (၃၀.၀၀) ဖြစ်သည်။

အဆိုပါလုပ်ငန်းစဉ်များ တည်ဆောက်ရေးကာလမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့အထိဖြစ်ပြီး ပြည်သူလူထူနှင့် ပူပေါင်းဆောင်ရွက်အကောင်ထည် ဖော်ဆောင်သွားမည်ဟု ဆိုပါသည်။

ကလေးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအတွက် ကျလာသောငွေကြေးများကို ရွေးချယ်အတည်ပြုခဲ့သော အုပ်စု/ကျေးရွာများထံ မကြာမီ ထုတ်ပေးသွားမည်ဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...