လုံခြုံရေးစိုးရိမ်မှုကြောင့် မောင်တောမြို့နယ် အထက်ပြူးမကျေးရွာမှ ရွာလုံးကျွတ်နေရပ်စွန့်ခွာ

လုံခြုံရေးစိုးရိမ်မှုကြောင့် မောင်တောမြို့နယ် အထက်ပြူးမကျေးရွာမှ ရွာလုံးကျွတ်နေရပ်စွန့်ခွာ

မောင်တောမြို့နယ်မြောက်ပိုင်းရှိ အထက်ပြူးမကျေးရွာသားများမှာ လုံခြုံရေးအခြေအနေ စိုးရိမ်မှုများကြောင့် နေအိမ်များကို စွန့်ခွာကာ မောင်တောမြို့ပေါ်ရှိ ဆွေမျိုးများနေအိမ်တွင် ခိုလှုံ နေထိုင်နေကြရကြောင်း သိရသည်။

အထက်ပြူးမကျေးရွာမှာ အိမ်ခြေ ၁၇ ဆောင်၊ လူဦးရေ ၅၆ ဦးသာရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး လူဦးရေ နည်းခြင်း၊ ကျေးရွာတွင် လုံခြုံရေးကင်းစခန်း မရှိခြင်းတို့ကြောင့် လုံခြုံရေးအတွက် စိုးရိမ်ရသည်ဟု ကျေးရွာသားများက ပြောသည်။

အဆိုပါကျေးရွာတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က ရွာသားနှစ်ဦး ပျောက်ဆုံးသွားခဲ့ပြီး နှစ်ရက် အကြာတွင် ၎င်းကျေးရွာချောင်းအတွင်း၌ သေဆုံးလျက် တွေ့ရှိခဲ့ရ၍ ရွာသားများမှာ ပို၍စိုးရိမ်မှု ဖြစ်ပေါ် ခဲ့ကြကြောင်းလည်း သိရသည်။

“ရွာသားတွေက တော်တော် စိုးရိမ်မှုဖြစ်နေကြတယ်။ ရွာမှာ လုံးဝမနေရဲတဲ့ အနေအထားကို ရောက်သွား တာပါ။ ကျေရွာသားတွေ အသတ်ခံရပြီးတော့ လုံခြုံရေးကင်းစခန်းချပေးထားတယ်။ နောက် ပြန်လည် ရုပ်သိမ်းသွားတယ်” ဟု အထက်ပြူးမကျေးရွာ အုပ်ချုပ်ရေးမှူး ကိုဦးထွန်းလှိုင်က ပြောသည်။

၂၀၁၇ ခုနှစ် မောင်တောအကြမ်းဖက်မှုဖြစ်စဉ်တွင်လည်း အထက်ပြူးမကျေးရွာမှ နေအိမ်များကို ARSA အကြမ်းဖက်အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် အစိုးရမှ နေအိမ် ၁၇ လုံးအား ဆောက်လုပ်ပေးလျက်ရှိရာ လက်ရှိတွင် နေအိမ် ၃ လုံး ဆောက်လုပ်ရန် ကျန်နေသေးကြောင်း သိရသည်။

“အထက်ပြူးမကျေးရွာကို တိုးချဲ့ဖို့ရှိတယ်၊ အိမ်ခြေ ၅၀ လောက်အထိပေါ့။ ကင်းစခန်းလည်း ချပေးသွားမှာပါ။ ငါးခူရကနေ လမ်းဖောက်ဖို့ စီမံကိန်းဆွဲထားတယ်။ မကြာခင် ကျတော့မှာပါ ” ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောသည်။

အထက်ပြူးမကျေးရွာနှင့် အောက်ပြူးမကျေးရွာမှာ ၂ မိုင်ခန့် ဝေးကွာပြီး အောက်ပြူးမကျေးရွာတွင် လုံခြုံရေး ကင်းစခန်း ရှိကြောင်းလည်း သိရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...