ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို Chin person of the year အဖြစ် ရွေးချယ်

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို Chin person of the year အဖြစ် ရွေးချယ်

မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ၂၀၁၈ ခုနှစ် Chin Person of the Year အဖြစ် ရန်ကုန်မြို့အခြေစိုက် All Chin Society အဖွဲ့မှ ရွေးချယ်လိုက်သည်။

ချင်းမျိုးနွယ်စုလူမှုရေးအသင်း (၁၉) ဖွဲ့ပါဝင်ဖွဲ့စည်းထားသည့် All Chin Society Yagon အနေဖြင့် Chin Person of the Year ကို ပထမဦးဆုံးအကြိမ်ရွေးချယ်ခြင်းဖြစ်ပြီး တိုင်းပြည်နှင့်လူမျိူးအတွက် အကျိူးပြုနိုင်မှုအပေါ် အဓိကရွေးချယ်ခြင်းဖြစ်သည်ဟု All Chin Society – Yangon ဒု-ဥက္ကဌ ဦးဟုန်းဆောကပြောသည်။

“ကျွန်တော်တို့ ရွေးချယ်တဲ့နေရာမှာ (၁) ချင်းလူမျိုးဖြစ်ရမယ်၊ (၂) ချင်းလူမျိုး အချင်းချင်းကြား အများဆုံးအကျိုးပြုနိုင်တဲ့သူ၊ (၃) ချင်းလူမျိုးတွေအပြင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားအားလုံးကိုလည်း အကျိုးပြုနိုင်တဲ့သူဆိုပြီးမှ အဲဒီသုံးချက်ကို ကျွန်တော်တို့ ကြည့်လိုက်ချိန်မှာ ဒုသမ္မတ ဟင်နရီဗန်ထီးယူက အဲဒီနေရာမှာ အံဝင်ခွင်ကျ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့သူ့ကိုရွေးချယ်တာဖြစ်ပါတယ်” ဟု ဦးဟုန်းဆောကပြောသည်။

All Chin Society – Yangon အဖွဲ့အနေဖြင့် ချင်းအမျိူးသားနေ့အခမ်းအနားကို ရန်ကုန်မြို့တွင် ယခုလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူအပါအဝင် ချင်းလူမျိူးများထဲမှ ဆယ်တန်းကို ငါးဘာသာနှင့်အထက် ဂုဏ်ထူးရသူများ၊ Ph.D ဘွဲ့ရများ (Secular & Religion)၊ နိုင်ငံတော်ကိုယ်စားပြုအားကစားသမားများ၊ နိုင်ငံတော်အဆင့်အဆိုတော်များနှင့် အလှမောင်/မယ်များ၊ ဒု-ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးချုပ်များ အစရှိသည်တို့ကို ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...