ကျေးရွာများတွင် AA မှ ဝင်ရောက်နေမှု ရှိ၊ မရှိကို မြို့နယ် ၇ မြို့နယ်အတွင်းစစ်ဆေးရန် ပြည်နယ်အစိုးရမှ ညွှန်ကြားသည့်စာ ထွက်ပေါ်

ကျေးရွာများတွင် AA မှ ဝင်ရောက်နေမှု ရှိ၊ မရှိကို မြို့နယ် ၇ မြို့နယ်အတွင်းစစ်ဆေးရန် ပြည်နယ်အစိုးရမှ ညွှန်ကြားသည့်စာ ထွက်ပေါ်

ကျေးရွာများတွင် AA မှ ဝင်ရောက်နေမှုများ ရှိ၊ မရှိကို ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၇ မြို့နယ်တွင် စစ်ဆေးရန် ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထားသည့်စာမှာ ဇန်နဝါရီလ ၃၁ ရက်နေ့က လူမှုကွန်ယက် ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။

အဆိုပါညွှန်ကြားစာတွင် ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းမှ လက်မှတ်ရေးထိုးထုတ်ပြန်ထားပြီး ၎င်းညွှန်ကြားစာနှင့်ပတ်သက်၍ ဝန်ကြီး ဦးကျော်အေးသိန်းအား DMG မှ ဇန်နဝါရီလ ၃၁ ရက်နှင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တို့တွင် ဆက်သွယ် မေးမြန်းခဲ့ရာ အစည်းအဝေးတက်ရောက်နေ၍ မအားဟုဆိုကာ ဖုန်းချသွားခဲ့သည်။

AA မှ ဝင်ရောက်နေမှုကို စစ်ဆေးရန် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦးနှင့် မြေပုံ စသည့် မြို့နယ် ၇ မြို့နယ်ပါဝင်ပြီး ညွှန်ကြားစာအား ဇန်နဝါရီ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း ပါရှိသည်။

ယင်းသို့ဆောင်ရွက်ရန် ဇန်နဝါရီလ ၂၃ ရက်နေ့ကပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၃/၂၀၁၉) ဆွေးနွေးဆုံးဖြတ်ချက်အပိုဒ် (၆)၊ အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ် (၁၇)အရ “လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်” ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က “အဲဒီစာနဲ့ပတ်သက်လို့ ကျနော်လည်း တိတိကျကျ မသိဘူး။ အဲဒီတုန်းက ကျနော်က ရန်ကုန်မှာ Workshop တက်နေတော့လေ (၃/၂၀၁၉)က ကျနော် မတက်လိုက်ဘူး” ဟု ပြောသည်။

မြို့နယ် ၇ မြို့နယ်တွင် စစ်ဆေးရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ တပ်မတော်စုပေါင်းအဖွဲ့များဖြင့် ဝင်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း ညွှန်ကြားစာအရ သိရသည်။

ထိုသို့ ကျေးရွာများအတွင်းဝင်ရောက်စစ်ဆေးရာတွင် မသင်္ကာသည့်နေအိမ်များမှ လူဦးရေ မှန်၊မမှန် အိမ်ထောင်စုစာရင်းဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ မှတ်တမ်းဓါတ်ပုံများရယူ၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းညွှန်ကြားစာတွင် ပါရှိသည်။

ယခုကဲ့သို့ ကျေးရွာများအတွင်း ဝင်ရောက်စစ်ဆေးမည့်ကိစ္စအပေါ် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် စိုးရိမ်မကင်းဖြစ်နေကြသည်။

“ဒီနေ့အချိန်မှာ ဧည်စာရင်းစစ်တာတွေကို အတည်မဖြစ်ရဆိုတာတွေကို သူတို့အတည်လုပ်လာတာလေ။ သူတို့လက်ထဲမှာရှိတဲ့ဆိုပြီး ဥပဒေကို လုပ်ချင်သလို့ လုပ်နေကြတယ်လေ” ဟု ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ယခုကဲ့သို့ညွှန်ကြားခြင်းသည် လူထု၏ လွတ်လပ်စွာသွားလာခွင့်နှင့် လူ့အခွင့် အရေးကို ထိခိုက်နစ်နာစေသော အခြေအနေရှိကြောင်းလည်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က DMG ကို ပြောသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...