နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် ဒုံးပြိုင်ပွဲ ပထမဆု မုက္ကဒိနှင့်ဝင်းစိန်ကျေးရွာ အသီးသီး ရရှိ

နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် ဒုံးပြိုင်ပွဲ ပထမဆု မုက္ကဒိနှင့်ဝင်းစိန်ကျေးရွာ အသီးသီး ရရှိ

KNU-ကရင်အမျိုးသားအစည်းအရုံးမှ ဖားအံခရိုင်၊ တပ်မဟာ(၇)ဌာနချုပ်၊ ကလို့ယော်လေးတွင် ပြုလုပ်ကျင်းပ သည့် နှစ်(၇၀)ပြည့် ကရင့်တေ်ာလှန်ရေးနေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲတွင် မုက္ကဒိကျေးရွာဒုံးအဖွဲ့နှင့် ဝင်းစိန် ကျေးရွာဒုံးအဖွဲ့တို့မှ ပထမဆု အသီးသီးရရှိခဲ့သည်။

ကရင်ပြည်နယ်အခြေစိုက် ကိုယ်စားပြုဒုံးအဖွဲ့ပေါင်း ၁၁ ဖွဲ့ကို အုပ်စု (က)နှင့် (ခ)ဟူ၍ ခွဲကာ ကပြပြိုင်ဆိုင်စေခဲ့ ရာ အုပ်စု(က)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မုက္ကဒိ၊ ချစ်သူမြိုင်၊ ဖားအံမြို့တော်၊ တပ်နယ် -၃ (ကော့ပရံ)၊ သာမည ကိုယ်စားပြုဒုံးမှ မုက္ကတိ ၈၇၃ မှတ်ဖြင့် ပထမ၊ ချစ်သူမြိုင် ၈၅၅ မှတ်ဖြင့် ဒုတိယ၊ ဖားအံမြို့တော် ၈၄၉ မှတ်ဖြင့် တတိယဆု အသီးသီးရရှိပြီး ကျန်ရှိသည့် တပ်နယ်-၃(ကော့ပရံ)၊ သာမညတို့ကို စတုတ္ထဆု၊ ပဉ္စမဆုဟူ၍ အသီးသီးပေးအပ်ခဲ့သည်။

အုပ်စု (ခ)တွင် ဝင်းစိန်၊ ကော့ပရံ (အက)၊ ကစို၊ ထီးဖိုးစံ၊ ပိန္နဲတော၊ မြပတိုင် ကိုယ်စားပြုဒုံးများမှ ဝင်းစိန် ၈၂၅ မှတ်ဖြင့် ပထမ၊ ကော့ပရံ(အက) ၈၀၄ မှတ်ဖြင့် ဒုတိယ၊ ကစို ၇၉၇ မှတ်ဖြင့် တတိယဆုစသည်ဖြင့် အသီးသီးဆု ရရှိခဲ့ပြီး ကျန်ရှိသည့် ထီးဖိုးစံ၊ ပိန္နဲတော၊ မြပတိုင်တို့ကို စတုတ္ထဆု၊ ပဉ္စမဆုနှင့်နှစ်သိမ့်ဆုဟူ၍ အသီးသီးပေး အပ်ခဲ့သည်။

အုပ်စု (က)အတွက် ပထမဆုကို ဆုကြေးငွေ ကျပ်ငွေ သိန်း (၅၀)၊ ဒုတိယဆုအတွက် သိန်း(၄၀)၊ တတိယဆုအတွက် သိန်း(၃၀)ကျပ်ပေးအပ်ခဲ့ပြီး အုပ်စု (ခ)အတွက် ပထမဆု သိန်း (၃၀)၊ ဒုတိယဆုအတွက် သိန်း(၂၀)၊ တတိယဆုအတွက် (၁၀)သိန်းကျပ် ဟူ၍ ပေးအပ်ချီးမြှင့်ခဲ့သည်။

ပထမဆုရရှိခဲ့သည့် မုက္ကဒိ၏ ဒုံးဆရာ စောခနောင်ထွဋ်က “အခုလို နှစ် (၇၀)ပြည့် ကရင့်တော်လှန်ရေးလို နေ့မျိုးမှာ ဒုံးပြိုင်ပွဲအတွက် ပထမဆုရရှိတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ အခုဆိုရင် စံချိန်တစ်ခုကို ထိန်းနိုင်ခဲ့တဲ့အတွက်လည်း အားပေးအားမြောက်တဲ့ ဆရာသမားတွေ ကြိုးစားကပြပြိုင်ဆိုင်သွားတဲ့ ညီငယ် ညီမငယ်တွေအားလုံးအတွက် ကျေးဇူးတင်သလို စိတ်ဓါတ်ခွန်အားတွေလည်း အများအပြားရရှိစေခဲ့ပါတယ်” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ အုပ်စု(က)တွင် ပြိုင်ဆိုင်ခဲ့သည့် ကိုယ်စားပြုဒုံးများသည် ကရင်ပြည်နယ်လက်ရွေးစင် ကိုယ်စားပြုဒုံး များဖြစ်ပြီး အလားတူ ယခင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့တွင် ကျရောက်သည့် (၆၃)နှစ် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲတွင်လည်း မုက္ကတိကိုယ်စားပြုဒုံးအဖွဲ့မှ ပထမဆုရရှိခဲ့သလို ချစ်သူမြိုင်မှ ဒုတိယဆု၊ ဖားအံမြို့တော်ဒုံးမှ တတိယဆုဟူ၍လည်း အသီးသီးရရှိခဲ့သည်။

ကေအဲန်ယူမှ ကြီးမှူးပြီးပြုလုပ်သည့် ကရင့်တော်လှန်ရေးနေ့သမိုင်းတစ်လျှောက်တွင် ယခုနှစ် ၂၀၁၉ ခုနှစ်တွင် ကျရောက် သည့် နှစ် (၇၀)ပြည့်အထိမ်းအမှတ်နေ့သည် မာနယ်ပလောခေတ်နောက်ပိုင်း အကြီးကျယ်အခမ်း အနားဆုံးပွဲအဖြစ်ပြန် လည်ပြုလုပ်နိုင်ခဲ့ပြီး ကွဲပြားနေသည့် ကရင်လက်နက်ကိုင်အင်အားစုများလည်းပူးပေါင်း ပါဝင်ခဲ့ကာ ပြည်နယ်ဒုံး ကိုယ်စားပြုများပါဝင်သည့် ကရင်ဒုံးအကပြိုင်ပွဲကိုလည်း ယခုနှစ်တွင် ပထမ ဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...