ရမ်းဗြဲတွင် ကမန်အမည်ဖြင့် (နိုင်) ကဒ် ၃၃၀၀ ကျော်ထုတ်ပေးထားသည့် အချက်အလက်များကို ဝန်ထမ်းစည်းကမ်းအရ ပေးပို့ရန်ငြင်း

ရမ်းဗြဲတွင် ကမန်အမည်ဖြင့် (နိုင်) ကဒ် ၃၃၀၀ ကျော်ထုတ်ပေးထားသည့် အချက်အလက်များကို ဝန်ထမ်းစည်းကမ်းအရ ပေးပို့ရန်ငြင်း

ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှ ကမန်အမည်ဖြင့် နိုင်ငံသားကဒ် ၃၃၀၀ ကျော် ထုတ်ပေးထားရာတွင် အငြင်းပွားမှုများရှိသည့်အတွက် ၎င်းကဒ်များထုတ်ပေးခဲ့သည့် အထောက်အထားများကို ပို့ပေးရန် ပြည်နယ်လွှတ်တော်မှတစ်ဆင့် တောင်းခံထားမှုအား ဝန်ထမ်းစည်းကမ်းအရ ပေးပို့ရန်ငြင်းဆန်လိုက်ကြောင်း သိရသည်။

ထိုသို့ ကမန်အမည်ဖြင့် နိုင်ငံသားကဒ်ထုတ်ပေးခဲ့သည့် လူဦးရေ ၃၃၀၆ ဦးတို့၏ အမည်နှင့် ၎င်းတို့၏ မျိုးရိုးစဉ်ဆက်ဇယား၊ နိုင်ငံသားကဒ်ထုတ်ပေးရေးအတွက် ထောက်ခံပေးခဲ့သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းများကို ပြုစုပေးပို့ရန် ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက တောင်းခံခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အချက်အလက်များ တောင်းယူမှုအား ပြည်နယ်အစိုးရအဖွဲ့မှ စာရင်းပြုစုပေးပို့နိုင်မှု မရှိခြင်းသည် ပွင့်လင်းမြင်သာမှု မရှိခြင်းဖြစ်ကြောင်း ဦးသန်းမောင်ဦးက ပြောသည်။

“ဒီလူတွေဟာ ဘင်္ဂါလီလား၊ ကမန်လားဆိုတာ နောက်ကြောင်းသိဖို့လိုတာပေါ့။ ကျနော်တို့ အဲလူတွေ့ရဲ့ နောက်ကြောင်းကို သိဖို့အတွက် နာမည်ကိုတောင်းတော့ သူတို့က လျှို့ဝှက်ဆိုပြီးတော့ မပေးနိုင်ဘူးဆိုပြီး စာပြန်တယ်။ အဲကိစ္စက ပွင့်လင်းမြင်သာမှု မရှိတာပေါ့။ မှတ်ပုံတင်လုပ်တယ်ဆိုတာက လျှို့ဝှက်အလုပ် မဟုတ်ဘူးလေ။ ဒီလူက ရခိုင်၊ ဒီလူက ကမန်၊ ဒီလူကကုလား(ဘင်္ဂါလီ)ဆိုတာကို ပွင့်ပွင့်လင်းလင်း သိရမယ်လေ။ အားလုံးအမြင်မှာ ရှင်းနေရမှာပေါ့” ဟု ဦးသန်းမောင်ဦးက ဆိုသည်။

၎င်းနိုင်ငံသားကဒ် ၃၃၀၀ ကျော် ထုတ်ပေးထားမှုအား ဝန်ထမ်းတာဝန်ထမ်းဆောင်မှု စည်းကမ်းများအရ မသက်ဆိုင်သူများအား ကြည့်ရှုစေခြင်း၊ ကူးယူစေခြင်း၊ လွှဲပြောင်းပေးခြင်း၊ ပြောကြားခြင်းများ မပြုလုပ်ရကြောင်း ပြည်နယ်အစိုးရက ဖြေကြားထားသည်။

ယင်းအပြင် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ လျှို့ဝှက်ချက် အက်ဥပဒေအရလည်း ကန့်သတ်ထားကြောင်း ပြည်နယ်အစိုးရ၏ ဖြေကြားချက်တွင် ပါရှိသည်။

ကမန်အမည်ဖြင့် နိုင်ငံသားကဒ်ထုတ်ပေးထားသူများ နေထိုင်ရာ ကျေးရွာရှိ စာသင်ကျောင်း၌ တွေ့ရှိရသည့် အချက်အလက်များတွင် လူမျိုးအမည်များကို အမျိုးမျိုးရေးသားထားကြောင်း ဦးသန်းမောင်ဦးက ဆိုသည်။

“သူတို့မှာ ရခိုင်၊ ကုလား၊ မရမာဆိုပြီး အမျိုးမျိုးရေးထားကြတယ်။ လူမျိုးတစ်မျိုးကို ဒီလိုအလွယ်တကူ ပြောင်းလို့ရမလား။ မလုပ်သင့်ဟာတွေ လုပ်ကြတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ကမန်အဖြင့် နိုင်ငံသားကဒ် ၃၃၀၀ ကျော် ထုတ်ပေးထားမှုအား အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ကမန်လူမျိုး သေချာမှု ရှိ၊ မရှိကို ပထမအကြိမ်စိစစ်ရာတွင် ၂၁ ဦးမှာ ပြန်လည်စိစစ်ရန် လိုအပ်မှုရှိပြီး ၎င်း ၂၁ ဦးအား နိုင်ငံသားကဒ်ထုတ်ပေးခဲ့သည်ကို စစ်ဆေးလျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဖြေကြားထားသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...