အမျိူးသားညီညွတ်ရေးကိုရှေ့ရှု၍ ပလက်ဝကို ခရိုင်အဆင့်တိုးပေးရန် ခူမီး (ခမီး) အမျိူးသားပါတီတောင်းဆို

အမျိူးသားညီညွတ်ရေးကိုရှေ့ရှု၍ ပလက်ဝကို ခရိုင်အဆင့်တိုးပေးရန် ခူမီး (ခမီး) အမျိူးသားပါတီတောင်းဆို

အမျိူးသားညီညွတ်ရေးကိုရှေ့ရှု၍ ပလက်ဝ၊ ဆမီးနှင့် မီးဇာမြို့နယ်တို့ကိုစုစည်းကာ ပလက်ဝခရိုင်အဖြစ် ဖွဲ့စည်းပေးရန် ခူမီး (ခမီး) အမျိူးသားပါတီက ချင်းပြည်နယ်ဝန်ကြီးချူပ်နှင့် လွှတ်တော်ဥက္ကဌတို့ထံ လိပ်မူပြီး ဇန်နဝါရီလ (၂၈) ရက်နေ့က အိပ်ဖွင့်ပေးစာတစ်စောင် ပေးပို့လိုက်သည်။

ချင်းပြည်နယ်အတွင်း ပလက်ဝမြို့သည် လူဦးရေအများဆုံး၊ ကျေးရွာအုပ်စုအများဆုံး၊ ကျေးရွာအများဆုံး မြို့နယ်ဖြစ်ပြီး ခရိုင်မြို့ အဖြစ် ရုံးစိုက်ရန် ပလက်ဝတိုးချဲ့မြို့သစ်စီမံကိန်းများဖြစ်သော ကားလမ်း၊ ရေလမ်း၊ လေယဉ်ကွင်း၊ အဆင်သင့်ရှိနေသည့်အပြင် မဟာဓာတ်အားလိုင်မှ လျှပ်စစ်ဓာတ်အားပေးရန် စီမံကိန်းရှိနေပြီဖြစ်ကြောင်း နှင့် ရခိုင်ပြည်နယ်၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်၍ လုံခြုံရေးအရ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်နေသောကြောင့် စစ်ရေးအရ မဟာဗျူဟာကျသော မြို့နယ်ဖြစ်ကြောင်း အိပ်ဖွင့်ပေးစာတွင် ဖော်ပြသည်။

ထို့ကြောင့် ပလက်ဝခရိုင်ဖွဲ့စည်းပေးနိုင်ရေးအတွက် ချင်းပြည်နယ်လွှတ်တော်၊ ချင်းပြည်နယ်အစိုးရအဖွဲ့တို့မှ ဆုံးဖြတ်ချက်ချမှတ်ပေးပါရန် အလေးအနက်အကြံပြုတင်ပြအပ်ပါသည်ဟု ခူမီး(ခမီး) အမျိူးသားပါတီက တောင်းဆိုသည်။

ထို့အပြင် လွတ်လပ်ရေးနှင့်အတူ ပလက်ဝခရိုင်ရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် “နိုင်ငံရေးနည်း” ဖြင့် နှစ်ပေါင်း (၇၀) ကြိုးပမ်းလာခဲ့သော ပလက်ဝမြို့နယ်ကို “ချင်းပြည်နယ်မှ ခွဲမထွက်စေလိုလျှင်” ပလက်ဝအရေးကို ဥပေက္ခမပြုသင့်တော့ကြောင်း ၎င်းတို့၏ အိပ်ဖွင့်ပေးစာတွင်ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ခူမီး(ခမီး)အမျိူးသားပါတီဥက္ကဌ ဦးကျော်ထွန်းကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...