ရခိုင်အမျိုးသားပါတီ မြို့နယ်ညီလာခံများကို မတ်လတွင်အပြီးကျင်းပရန် ညွှန်ကြား

ရခိုင်အမျိုးသားပါတီ မြို့နယ်ညီလာခံများကို မတ်လတွင်အပြီးကျင်းပရန် ညွှန်ကြား

ရခိုင်အမျိုးသားပါတီ(ANP)၏ ညီလာခံအား ၂၀၁၉ ခုနှစ် မေလ ပထမအပတ်တွင် ကျင်းပနိုင်ရန်အတွက် မြို့နယ်ညီလာခံများကို မတ်လတွင် အပြီးကျင်းပရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။

မြို့နယ်ညီလာခံတွင် ပါတီတစ်ခုလုံး၏ ညီလာခံသို့ တက်ရောက်မည့် ကိုယ်စားလှယ်များကို ရွေးချယ်ရမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

“မြို့နယ်တွေမှာ ရွေးချယ်ပြီးမှ ပါတီညီလာခံဟာ အဲဒီမြို့နယ်တွေကို အခြေခံပြီး ကျင်းပရမှာ ဖြစ်တဲ့အတွက် မြို့နယ်ညီလာခံတွေကို ၂၀၁၉၊ မတ်လမှာ အပြီးကျင်းပဖို့ ညွန်ကြားလိုက်တာပါ’’ ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးမှ ရခိုင်အမျိုးသားပါတီညီလာခံကို ၂၀၁၉ ခုနှစ် မေလတွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...