ရဲကင်းစခန်း ပစ်ခတ်ခံရမှု ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား သံတမန်စာပေး

ရဲကင်းစခန်း ပစ်ခတ်ခံရမှု ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား သံတမန်စာပေး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး အဆင့်မြှင့်တင်မှုအတွက် လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် နယ်ခြားမှတ်တိုင် (၄၁) ရဲကင်းစခန်းအား ယနေ့ (ဇန်နဝါရီလ ၂၄) နံနက် ၇ နာရီ ၄၄ မိနစ်ခန့်တွင် နယ်စပ်ခြံစည်းရိုးမှ မီတာ (၂၀၀) အကွာခန့် မှ ဗုံးပစ်လောင်ချာ ဗုံးသီး ၄ လုံး၊ လက်နက်ငယ် အချက် ၂၀၀ ခန့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား ခေါ်ယူ တွေ့ဆုံပြီး သံတမန်စာ ပေးအပ်ခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံခဲ့ပြီး ဖြစ်စဉ်အား အသိပေးပြောကြားခဲ့သည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ရင်းနှီးချစ်ကြည်ပြီး ကောင်းမွန်သော ဆက်ဆံရေးရှိသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့်အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် အကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ လုံးဝလက်မခံသည့် မူဝါဒ ချမှတ်ထားကြောင်း ပြောကြားခဲ့သည်။

ယင်းအပြင် ဘင်္ဂလားဒေ့ရှ် ပိုင်နက်နယ်မြေကို အသုံးပြု၍ မြန်မာနိုင်ငံအား ထိပါးနှောက်ယှက် ရန်ပြုလာသည်ကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် ပြောကြားကာ သံတမန်စာ ပေးအပ်ခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်ကြောင့်  ရှေ့တန်းအမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်သားသန်းမြင့် လက်နက်ငယ် ရှပ်မှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ ရဲတပ်သားစိုးသန်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) နှင့် နယ်စပ်ခြံစည်းရိုးပြင် အလုပ်သမား ကျော်မျိုးလွင် လက်နက်ကြီးစ ရှပ်မှန်ဒဏ်ရာများ ရရှိခဲ့သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...