AA ၏ နယ်မြေချဲ့ထွင်ရေးဝါဒကို ခူမီး(ခမီး) အမျိူးသားပါတီ ဆန့်ကျင်ကန့်ကွက်

AA ၏ နယ်မြေချဲ့ထွင်ရေးဝါဒကို ခူမီး(ခမီး) အမျိူးသားပါတီ ဆန့်ကျင်ကန့်ကွက်

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်ပိုက်နက်ဖြစ်သည်ဟု ရက္ခိုင့်တပ်မတော်(AA) ၏ နယ်မြေချဲ့ထွင်ရေးဝါဒကို လုံးဝဆန့်ကျင်ကန့်ကွက်ရှုတ်ချသည်ဟု ခူမီး(ခမီး)အမျိူးသားပါတီက ပြောဆိုလိုက်သည်။

ရက္ခိုင့်တပ်မတော်သည် ပလက်ဝြမို့နယ်အတွင်း လှုပ်ရှားစဉ် ကျေးရွာရှိပြည်သူများအား ပလက်ဝမြို့နယ်သည် ရခိုင်ပိုက်နက်ဖြစ်ကြောင်း တော်လှန်ရေးပြီးဆုံးပါက ရခိုင်ပြည်နယ်တွင် ပေါင်းထည့်မည်၊ ဆန်၊ ကြက်၊ ဝက် တန်ဖိုးကို တော်လှန်ရေးပြီးဆုံးလျင် ပေးချေမည်ဖြစ်ကြောင်း ဝါဒဖြန့်ပြောဆိုမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ပလက်ဝမြို့နယ်သည် မည်သည့်အခါကမျှ ရခိုင်ပိုက်နက်မဖြစ်ခဲ့ဘူးကြောင်း ဇန်နဝါရီလ ၂၄ ရက်နေ့စွဲဖြင့် ခူမီး(ခမီး)အမျိူးသားပါတီက ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။

ခူမီး(ခမီး)အမျိူးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်အွေ့ဟွေ့လူးက “AA တွေက ပလက်ဝကို သူတို့ပိုင်တဲ့မြေလို့ပြောတယ်လေ ကျေးရွာတွေမှာ ဝင်တဲ့အခါမှာ လူထုတွေဆီမှာ အမြဲတမ်းပြော တယ်လေ ပလက်ဝမြို့နယ်ရဲ့ သမိုင်းတစ်လျှောက်လုံးမှာ ရခိုင်တွေက ပိုင်တယ် ပိုင်ခဲ့တယ်ဆိုတဲ့ဟာ တခါမှမရှိဘူး အရင် အင်္ဂလိပ်လက်ထက်ကလည်းမရှိဘူး အရင်ဘုရင်လက်ထက်ကလည်းမရှိဘူးဆိုတာ သိစေချင်တယ်’’ ဟု ပြောသည်။

ပလက်ဝမြို့နယ်သည် ရခိုင်တောင်တန်းဒေသ သို့မဟုတ် ရခိုင်မြောက်ပိုင်းခရိုင်အမည်ဖြင့် အင်္ဂလိပ်လက်ထက်ကပင် သတ်မှတ် ခဲ့ဖူးပြီး သီးခြားကိုယ်ပိုင်နယ်မြေ၊ သီးခြားကိုယ်ပိုင်နယ်နိမိတ်၊ သီးခြားကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ် ကျေးမှုရှိသော နယ်မြေ (၁၀) ခုတွင် ပါဝင်သော လွတ်လပ်သောနယ်မြေဖြစ်ကြောင်း ရခိုင်တော င်တန်းဒေသဥပဒေ (The Arakan Hill tract Regulation Act – 1906)၊ ရခိုင်တောင်တန်းတရားစီရင်ရေးဥပဒေ (The Arakan Hill Tract Justice Regulation Act – 1874-76) တို့ဖြင့် အုပ်ချုပ်ခဲ့သည်။

ပလက်ဝမြို့နယ်သည် မြန်မာ၊ ပြည်မတွင် ပါဝင်သော ရခိုင်တိုင်းလက်အောက်မဟုတ်မကဲ့သို့ ချင်းတောင်တန်းဒေသ၏ လက်အောက်လည်းမဟုတ်ခဲ့ကြောင်း ၁၉၄၇ ပင်လုံညီလာခံအပြီး တောင်တန်းစုံစမ်းရေးကော်မတီမှ ကြားနာမေးမြန်းစဉ် ရခိုင်တောင်တန်းဒေသကိုယ်စားလှယ် များက (၁) မြန်မာနှင့်အတူ ပူးပေါင်း၍ လွတ်လပ်ရေးရယူလိုကြောင်း၊ (၂) ချင်း တောင်တန်းဒေသနှင့် ပူးပေါင်း၍ ပြည်ထောင်စုအဖွဲ့ဝင်အဖြစ်နေလိုကြောင်းထွက်ဆိုခဲ့ပြီးနောက် ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေအရ ချင်းဝိသေသတိုင်း ချင်းပြည်နယ်တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကြေညာချက်တွင် ဖော် ပြထားသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...