တောင်ကိုးရီးယားနိုင်ငံက လှူဒါန်းသည့် ဆန်များကို လိုအပ်သော နေရာများတွင် ထောက်ပံ့မည်

တောင်ကိုးရီးယားနိုင်ငံက လှူဒါန်းသည့် ဆန်များကို လိုအပ်သော နေရာများတွင် ထောက်ပံ့မည်

အာဆီယံအပေါင်း (၃)အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ် (၃) အရ တောင်ကိုးရီးယားသမ္မတနိုင်ငံမှ ရခိုင်ပြည်နယ်အတွက် လှူဒါန်းသည့် ဆန်တန်ချိန် ၂၅၀ ကို လိုအပ်သည့် နေရာများတွင် လှူဒါန်းသွားမည်ဟု ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပြောသည်။

“ ရခိုင်ပြည်နယ်မှာ အမှန်တကယ်လိုအပ်တဲ့ နေရာတွေအားလုံးကို မျှမျှတတ ကူညီပံ့ပိုးပေးသွားမှာပါ။ ဘယ်အချိန်လဲဆိုတာမရှိဘူး။ အမှန်တကယ်လိုအပ်တဲ့ အချိန်တွေမှာ ကူညီပံ့ပိုးပေးသွားမှာဖြစ်တယ် ’’ ဟု ၎င်းကပြောသည်။

အဆိုပါ ဆန်များကို ဇန်နဝါရီလ ၂၂ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုးရီးယားသမ္မတနိုင်ငံ သံအမတ် ကြီး Mr.Lee Sang Hwa နှင့်အဖွဲ့က လာရောက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံသို့ လွဲှပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လှူဒါန်းပွဲတွင် ကိုးရီးယားနိုင်ငံအနေဖြင့် မိမိတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးရန် ပြည်နယ်ဝန်ကြီးချုပ်က ဖိတ်ခေါ်ခဲ့သည်။ ယင်းအပြင် လှူဒါန်းသည့်ဆန်များကိုလည်း လိုအပ်သည့်နေရာ၊ လိုအပ်သည့်လူများထံသို့ မှန်မှန်ကန်ကန် သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးမည်ဟုလည်း ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားခဲ့သည်။

တောင်ကိုးရီးယားသမ္မတနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကလည်း ရခိုင်ပြည်နယ်အတွက် ဆန်တန်ချိန် ၂၆၇ တန်ကို လှူဒါန်းခဲ့သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...