မိုင်းပန်မြို့တွင် မိုင်းဖုန်းဆရာတော်အုဋ်မြစ်ချပေးထားသည့်စေတီတော်တည်ဆောက်ရေးအတွက် ဒေသခံများ ကာယကုသိုလ်ပြု

မိုင်းပန်မြို့တွင် မိုင်းဖုန်းဆရာတော်အုဋ်မြစ်ချပေးထားသည့်စေတီတော်တည်ဆောက်ရေးအတွက် ဒေသခံများ ကာယကုသိုလ်ပြု

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နောင်ဟီးအုပ်စု နောင်ကန်ရွာရှိ နန်းယေ့ဆိုင်ကော်ကန်တွင် မိုင်းဖုန်းဆရာတော်မိန့်တော်မူသည့် ဆုတောင်းပြည့်စေတီတော် တည်ဆောက်ရေးအတွက် မိုင်းပန်လူထုမှ အုတ်၊ သဲများသယ်ယူပို့ဆောင်ခြင်းဖြင့် ကာယကုသိုလ်ယူ နေကြကြောင်းသိရသည်။

Photo by Sai Da/ ဆုတောင်းပြည့်စေတီတော်တည်ဆောက်မည့် နောင်နန်းယေ့ဆိုင်ကော် ရေကန်တွင်

ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်ကာ မိုင်းပန်ဒေသခံလူထုစုပေါင်းအင်အားဖြင့် စေတီတော်တည်ဆောက်ရေးအတွက် အုတ်၊သဲ၊ကျောက်များ ကာယကုသိုလ်ပြု သယ်နေကြခြင်းဖြစ်သည်။

“သျှမ်းနှစ်သစ်ကူးနေ့က မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့် နောင်နန်းယေ့ဆိုင်ကော် ရေကန်ကိုကြွပြီး တရားဟောတော်မူတယ်။ ပြီးတော့ ဒီစေတီတော်တည်ထားကိုးကွယ်ဖို့ အုဋ်မြစ်ချထားပေးခဲ့တယ်။ ဒါကြောင့် စေတီတော်တည်ဖို့ရွာသားတွေကနေ ကာယကုသိုလ်ပြုနေတာပါ။ အုတ်တွေချထားတဲ့နေရာကနေ စေတီတည်မယ့်နေရာအထိက ကားဝင်လို့မရလို့ လူအင်အားနဲ့ သယ်နေတာဖြစ်ပါတယ်။ စေတီတော်တည်ဆောက်ပြီးတဲ့အထိ နေ့တိုင်းကာယကုသိုလ်ပြု သယ်ဆောင်ပါမယ်။ ရပ်နီးရပ်ဝေးက မိတ်ဆွေတွေကို ဖိတ်ခေါ်ပါတယ် ” – ဟု မိုင်းပန်မြို့မှ စိုင်းနောင့်က သျှမ်းသံတော်ဆင့်အားပြောသည်။

စေတီတော်အပြီးတည်ဆောက်ရာတွင်ငွေကျပ်သိန်း ၅၀၀ ခန့်ကုန်ကျမည်ဟုခန့်မှန်းထားကြောင်းနှင့်လက်ရှိတွင် အလှူငွေမပြည့်သေးသဖြင့် အလှူငွေလက်ခံနေဆဲဖြစ်ကြောင်း စေတီတော်တည်ဆောက်ရာတွင်ပါ၀င်သည့်မြို့မိမြို့ဖ တဦးကလည်းပြောသည်။

စေတီတော်အား တပေါင်းလပြည့်နေ့တွင် ထီးတော်တင်နိုင်အောင်ကြိုးစားတည်ဆောက်သွားမည်ဟုလည်း မိုင်းပန်မြို့ခံများကပြောသည်။

May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...
May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...