နတ်မြစ်အတွင်း WY ဆေးပြား ၂၉၂၀၀ ကျော်အား ပိုင်ရှင်မဲ့ဖမ်းမိ

နတ်မြစ်အတွင်း WY ဆေးပြား ၂၉၂၀၀ ကျော်အား ပိုင်ရှင်မဲ့ဖမ်းမိ

မောင်တောမြို့နယ် မင်္ဂလာကြီးချောင်းဝ နတ်မြစ်အတွင်း WY ဆေးပြား ၂၉၂၅၀ ပြားအား ဇန်နဝါရီလ ၂၂ ရက်နေ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ နတ်မြစ်အတွင်း အထုတ်တစ်ခုနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ရေပုံးဖြင့်ကူးခတ်နေသူအား ဓညဝတီရေတပ်စခန်းမှ လိုက်လံဖမ်းဆီးရာ ရေပိုင်နက်ကျော်လွန်နေခြင်း၊ မြူထနေခြင်းတို့ကြောင့် ရေကူး ထွက်ပြေးသူအားဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပဲ မူးယစ်ဆေးဝါးများပါဝင်သည့် အထုတ်ကိုသာ သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

ထိုသို့သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးအထုတ်တွင် WY ဆေးပြား ၉၇၈၀ ပြားပါဝင်တဲ့ အထုတ် ၃ ထုတ် ဖြစ်ပြီး ဆေးပြားစုစုပေါင်း ၂၉၂၅၀ ပြားရှိရာ ကာလတန်ဖိုး ကျပ်သိန်း ၅၈၅ သိန်းရှိကြောင်း မောင်တော ခရိုင် မူးယစ်အထူးတပ်ဖွဲ့စု ၄၆ မှ သိရသည်။

ယခုကဲ့သို့ WY ဆေးပြားများ ဖမ်းဆီးရရှိမှုအား ပြင်မြူနယ်မြေစခန်းတွင် မယ(ပ) ၁/၂၀၁၉ ဖြင့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၉(က)၊ ၂၀(ခ) တို့အရ အမှုဖွင့်ထားပြီး ရေကူးပြီး ထွက်ပြေးသွားသူအား စုံစမ်းလျက်ရှိကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်းတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ WY ဆေးပြား  စုစုပေါင်း ၈ သိန်းကျော်အား ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း ၇ မှုရှိရာတွင် တရားခံ ကျား ၇ ဦးနှင့် မ ၁ ဦး တို့အား ဖမ်းဆီးအရေးယူထားကြောင်း မူးယစ်အထူးတပ်ဖွဲ့စု ၄၆ မှ သိရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...