အုပ်ချုပ်ရေးမှူးတစ်ဦး၏သတင်း ငါးရက်ကြာသော်လည် အစအနမသိရသေး

အုပ်ချုပ်ရေးမှူးတစ်ဦး၏သတင်း ငါးရက်ကြာသော်လည် အစအနမသိရသေး

ပျောက်ဆုံးနေသော ကျောက်တော်မြို့နယ်၊တောင်မင်းကုလားကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးဦးထွန်းနု၏ သတင်းအစအနကို ငါးရက်ကြာသော်လည်း လုံးဝမသိရှိရသေးသောကြောင့် မိသားစု ဝင်များ စိတ်ပူလျက်ရှိကြသည်။

၎င်းသည် ဇန်နဝါရီလ ၁၉ ရက်နေ့၊ညနေပိုင်းက သူနေထိုင်ရာ သံချောင်းကျေးရွာရှိ ဆိုင်မှ ဆေးလိပ်ဝယ်ပြီး မိမိနေအိမ်သို့ ပြန်လာစဉ် အမည်မသိ လူ ငါးဦးခန့်၏ ခေါ်ယူမှုကိုခံခဲ့ရခြင်းဖြစ်သည်။

 “ဘယ်ကလူတွေလဲမသိဘူး။ အကျီတွေက အကွက်အပြောက်တွေနဲ့ လူငါးယောက်လောက်က အသံတိုးတိုးနဲ့ အဘခေါ်ခိုင်းလိုက်တယ်။ (ရွာ)အပြင်မှာ အဘစောင့်နေတယ်ဆိုပြီး အဲလိုပြောပြီး သူ့ကို ခေါ်သွားတာ။ လက်နက်ကိုင်တပ်ဖွဲ့တော့ လက်နက်ကိုင်တပ်ဖွဲ့ပါပဲ။  အဲဒီနေ့ကနေ အခုထိ အိမ်ပြန်မရောက်သေးဘူး။ အခုဆိုငါးရက်ရှိပြီ” ဟု ဦးထွန်းနု၏ ဇနီး ဒေါ်သန္တာဖြူက ဆိုသည်။

ဦးထွန်းနု ပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး ကံစောက်ကျေးရွာရဲကင်းစခန်းတွင် တိုင်ကြားထားကြောင်းနှင့်  ၎င်းကို အမြန်ဆုံးရှာတွေ့ရန်လည်း မျှော်လင့်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...