ရွာသားတစ်ဦးကို အိမ်ထဲဝင်ပြီး သေနတ်ဖြင့် ပစ်သတ်

ရွာသားတစ်ဦးကို အိမ်ထဲဝင်ပြီး သေနတ်ဖြင့် ပစ်သတ်

မင်းပြားမြို့နယ်၊ပန်းမြောင်းကျေးရွာတွင် ဒေသခံတစ်ဦးကို ယမန်နေ့(ဇန်နဝါရီလ ၂၂ ရက်)၊ည ၉ နာရီ ကျော် အချိန်ခန့်တွင် အမည်မသိ လူတစ်ယောက်က အိမ်ထဲဝင်ရောက်ပြီး သေနတ်ဖြင့် အနီးကပ် ပစ်သတ်လိုက် သောကြောင့် သေဆုံးသွားသည်။

ရွာဟောင်းရပ်ကွက်မှ အသက် (၅၆) နှစ်အရွယ် ဦးမောင်အေးသိန်းသည် ခြံတံခါးပိတ်ရန် သွားစဉ် သေနတ်သမား၏ လုပ်ကြံမှုကြောင့် ရင်ဘက်နှင့် ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာ ၅ချက်ခန့် ထိမှန်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“အိမ်ထဲမှာ ပစ်သတ်တယ်လို့တော့ ဒေါ်သောင်းနွဲှ့ရီကပြောတာပဲ။ သူလည်း အပေါ်မှာဆိုတော့ သေချာ မမြင်လိုက်ဘူး။ ပြီးတော့ ကြောက်ပြီးတော့ အိမ်ထဲဝင်သွားတယ်လို့ပြောတယ် ”ဟု ပန်းမြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်ကပြောသည်။

ဦးမောင်အေးသိန်း၏ ဇနီး ဒေါ်သောင်းနွဲ့ရီကို ဖြစ်စဉ်အားမေးမြန်းရာတွင် ပစ်သတ်သူကို မြင်လိုက်သော်လည်း မမှတ်မိတော့ဟုဆိုကြောင်း  ဦးတင်အောင်ကျော်ကဆက်လက်ပြောသည်။

လက်ရှိတွင် အလောင်းကို မင်းပြားဆေးရုံးသို့ ပို့ဆောင်ထားပြီး အမှုနှင့်ပတ်သက်ပြီး မင်းပြားမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ပန်းမြောင်းစခန်းရဲစခန်းမှူး ရဲအုပ်ထွန်းအေးကပြောသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ ဗဟိုကော်မတီဝင် ဦးခင်သန်းမောင်ကို အမည်မသိသူတစ်ဦးက အိမ်ထဲဝင်ရောက်၍ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

ယင်းအပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် ကျင်းပနေသည့် ဈေးပွဲတော်သို့ လာရောက်သည့် စရဖ တပ်ဖွဲ့ဝင် တပ်ကြပ်ဖိုးလုံးကို အမည်မသိသူ တစ်ဦးက သေနတ်ဖြင့် အနီးကပ် လုပ်ကြံခဲ့မှုကြောင့် သေဆုံးသွားသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...