လူငယ်နှင့်ကိုက်ညီမည့် ပညာရေးစနစ်သို့ ဦးတည်နေပြီဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

လူငယ်နှင့်ကိုက်ညီမည့် ပညာရေးစနစ်သို့ ဦးတည်နေပြီဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် နိုင်ငံ့အကျိူးပြုမည့် ပညာရေးစနစ်သာမက လူငယ်အတွက် ကိုက်ညီမည့် ပညာရေးစနစ်သို့ ဦးတည်နေပြီဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချင်းပြည်နယ်ခရီးစဉ်သွားရောက်ပြီးနောက် ဇန်နဝါရီလ ၂၁ ရက်နေ့က ကလေးမြို့သို့ ပြန်လည်ရောက်ရှိလာပြီး ယနေ့နေလည် ၁၂ နာရီတွင် ကလေးမြို့ မြို့တော်ခန်းမ၌ လူထုနှင့် တွေ့ဆုံစဉ်တွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကမ္ဘာကြီးကပြောင်းနေတာနဲ့အမျှ လိုအပ်ချက်တွေလည်းပြောင်းလာပါတယ် အဲဒီလိုအပ်ချက်တွေနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ကပညာရေးစနစ်ကိုထူထောင်ရမယ် ကျွန်မတို့နှစ်ပေါင်းများစွာအမှတ်ပေး စနစ်ကိုသိပ်အားကိုးခဲ့တဲ့အခါကြတော့ မိဘတွေရောကလေးတွေရောအမှတ်ဘယ်လောက်ရလဲဆိုတာ ကိုအဓိကထားပြီးတော့ ပညာရေးကိုချဉ်းကပ်ကြတယ် ပညာဆိုတာဘာအတွက်လဲဆိုတာကိုမစဉ်းစားတော့ပဲ အမှတ်များများရဖို့ အမှတ်များများရလို့ရှိရင် စာမေးပွဲအောင်မယ် စာမေးပွဲအောင်ပြီးလို့ရှိရင် ကိုယ်တက်ချင် တဲ့သင်တန်းတက်နိုင်မယ်၊ တစ်ချိန်တစ်ခါကဆိုရင် ဆရာဝန်လုပ်ချင်ကြတယ် ဘာဖြစ်လို့လဲဆိုရင် ဆရာဝန် ကဂုဏ်ရှိတယ်လို့သတ်မှတ်တယ် ပိုက်ဆံကောင်းကောင်းရှာနိုင်တယ် ဒီလိုအယူအဆတွေနဲ့ဆရာဝန် သိပ်ဖြစ်ချင်ကြတယ်၊ ဒါပေမယ့် ဒီနိုင်ငံမှာ ဆရာဝန်ကြီးပဲရှိလို့မကောင်းသေးဘူးအမျိုးမျိုးလိုတယ် အင်ဂျင်နီယာ၊ အထူးသဖြင့် ကျောင်းဆရာဆရာမကောင်းလိုမယ် ဝန်ထမ်းကောင်းတွေလိုမယ် အဲဒါကြောင့် ကျွန်မတို့ရဲ့ လူငယ်များကနေပြီးတော့ သဘောထားကြီးကြီးမျက်လုံးပွင့်ပွင့် အမျိုးမျိုးလုပ်နိုင်တဲ့ အရည်အချင်းတွေ ရိှနိုင်အောင် လူကြီးတွေကအားပေးရပါမယ်” ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောဆိုခဲ့သည်။

လူငယ်နှင့် ကိုက်ညီမည့် ပညာရေးစနစ်ဆိုသည်မှာ လူငယ်များအား ဘက်စုံပြည့်ဝဖွံ့ဖြိုးသည့် လူတစ်ဦး ဖြစ်နိုင်ရန်ဆောင်ရွက်ပေးနိုင်မည့် ပညာရေးစနစ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။

ထို့အပြင် ပညာရပ်တွင် တက္ကသိုလ်ပညာရပ်နှင့် အသက်မွေးဝမ်းကျောင်းပညာသင်ရပ် နှစ်ခုစလုံးသည် တန်းတူအရေးပါနေပြီးယနေ့ခေတ်မှာတက္ကသိုလ်ဘွဲ့ရပြီးအလုပ်လက်မဲ့များပြားနေမှုကို အတတ်နိုင်ဆုံး ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ တဖက်တွင်လည်း အသက်မွေးဝမ်းကျောင်းပညာသင်ကိုလည်း အားပေးရန်လိုအပ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...