တာချီလိတ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား တရားခံ ထွက်ပြေးနေ

တာချီလိတ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား တရားခံ ထွက်ပြေးနေ

သျှမ်းပြည်နယ် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ် တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသားတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၁ ရက် မနက် ၁ နာရီအချိန်တွင် မယ်ခေါင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်ရှိ ၉ ၉ ၉ အကင်ဆိုင်တွင် သောက်စားမူးယစ်ကြပြီးနောက် ပခုံးချင်းတိုက်မိရာမှ အချေအတင်စကားများကြပြီး သေနတ်ပစ်ခတ်မှု အထိ ဖြစ်ပွါးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

“ သေနတ်ဒဏ်ရာ က ယာဘက်နံရိုးအောက် ကျည်ထောက်ဝင်ဒဏ်ရာ တချက်ပါ။ စိုးရိမ်ရတယ်လို့ ပြောပါတယ်။” ဟု ၄င်းကဆိုသည်။

အသက် ၂၀ ဝန်းကျင်အရွယ်ရှိ ထိုင်းအမျိုးသားတဦးက မြန်မာနိုင်ငံမှ တရုတ်အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲက ပြောသည်။

“ ဟိုနေ့က သေနတ်ပစ်တာ ကျမအိမ်ဘေးနားကဆိုင်ပါ။ စားသောက်ရင်း ပုခုံးချင်းတိုက်မိလို့ဆိုလားဘဲ ထိုင်း ကောင်လေးက သေနတ်နဲ့ပစ်လိုက်တာ ။ ဒဏ်ရာပြင်းထန်လို့ ဟိုဘက်ကမ်း( မယ့်ဆိုင်) ဆေးရုံကို ခေါ်သွားရတာ ” ဟု တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် အခင်းဖြစ်သည့်ဆိုင်ဘေးတွင် နေထိုင်သည့် ပါ့နန်းဆာ က ပြောသည်။

သေနတ်ပစ်ခံရသည့် အမျိုးသားသည် ကျိုင်းတုံမြို့ မိုင်းဇင်းကျေးရွာ အုပ်စုတွင်နေထိုင်သူဖြစ်ပြီး၊ သေနတ်ပစ်ပြီး ထွက်ပြေးနေသူကိုမူ ဖမ်းမိရန် တာချီလိတ်ရဲတပ်ဖွဲ့မှ ကြိုးစားဆောင်ရွက်နေကြောင်း၊ တာချီလိတ်မြို့မ ရဲစခန်း တွင် (ပ) ၃၁/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေ ပုဒ် ၃၀၇/၃၂၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...
May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...