ခမီစာပေတရားဝင် သင်ကြားခွင့် အလားအလာကောင်း

ခမီစာပေတရားဝင် သင်ကြားခွင့် အလားအလာကောင်း

ရခိုင်ပြည်နယ်ရှိ အစိုးရစာသင်ကျောင်းများတွင် ခမီတိုင်းရင်းသားစာပေ တရားဝင် သင်ကြားခွင့်  ရရှိရေးအတွက် ကြိုးပမ်းမှု အလားအလာကောင်းနေသည်ဟု ပြည်နယ် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ သိရသည်။

 ရခိုင်မျိုးနွယ်စုဝင် ခမီတိုင်းရင်းသားများ၏ စာပေ တရားဝင် သင်ကြားခွင့်ရရှိရေးအတွက်   ခမီတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ယင်း၏ အကျိုး ဆက်အဖြစ် စာသင်ကျောင်းများတွင် တရားဝင်သင်ကြားနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်လာခြင်းဖြစ်သည်။

 “ ခမီတိုင်းရင်းသားစာပေကို တရားဝင်သင်ကြားခွင့် ပြုမယ်ဆိုပြီးတော့ ပြည်နယ်အစိုးရက သဘောထားမှတ်ချက်တောင်းထားတာ ကျနေပြီ။ လိုအပ်တဲ့အထောက်ထားနဲ့ ပြည့်ပြည့်စုံစုံ ဥပဒေနဲ့ ညီရင်  ကန့်ကွက်ရန်မရှိကြောင်းဆိုပြီး ဆုံးဖြတ်ထားတဲ့အတွက် ခမီတွေကို လျှောက်ခိုင်းထားတယ်။ တရားဝင်သတ်မှတ်ပေးဖို့အတွက် ပညာရေးဝန်ကြီးဋ္ဌာနကို ဆက်ပြီးလျှောက်ထားရန် လိုသေးတယ်။  ခမီက အလားအလာကောင်းနေတယ် ” ဟု ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဋ္ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက DMG ကိုပြောသည်။

 ခမီတိုင်းရင်းသားစာပေကို တရားဝင်ဖြစ်ရန်  အမြန်ဆုံးအကောင်ထည်ဖော်ပေးစေလိုကြောင်း ခမီတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးလေကျော်အောင်က ပြောသည်။

 “ ကျွန်တော်တို့ ခမီတိုင်းရင်းသားစာအုပ်ကို အကြမ်းပုံနှိပ်ထားပြီးဖြစ်ပါတယ်။ အဲဒါကို အခုတရားဝင်သင်ကြားနိုင်ဖို့ အလားလာကောင်းနေတယ်ဆိုတော့ ဝမ်းသာပါတယ်။ တိုင်းရင်းသားစာပေ ကိုယ်တို့ရဲ့ ဘာသာစကားကို သင်ပြခွင့်ရခြင်းအားဖြင့် ကိုယ့်စာပေတွေကို တက်ကျွမ်းနားလည်ပြီးတော့ သိရှိသွားတာပေါ့။ ထပ်ပြီးတော့လည်း ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရဘက်ကလည်း အကောင်ထည်ဖော်ပေးစေချင်ပါတယ် ”ဟု ၎င်းက ဆိုသည်။

 ပြည်နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် ချင်းစာပေကို ပထမဦးဆုံးသင်ကြားခွင့်ပြုခဲ့ပြီး ယခုနှစ်အတွင်းတွင် ရခိုင်စာပေကို တရားဝင်သင်ကြားရန်လျှောက်လွှာများခေါ်ယူခဲ့သည်။ ထို့ကြောင့် ခမီစာပေသည် ပြည်နယ်၏ တတိယမြောက် တရားဝင်သင်ကြားခွင့်ရရှိလာမည့်အခြေအနေ ဖြစ်လာ သည်။

 ခမီစာပေကို အစိုးရကျောင်းများတွင် တရားဝင်သင်ကြားခွင့်ရရှိလျှင် အထောက်အကူပြုစေမည့် သင်တန်းတစ်ခုကိုလည်း စစ်တွေမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလက ပြုလုပ်ခဲ့သည်။ ယင်းသင်တန်းကို တက်ရောက်ခဲ့သူများသည် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ကျောင်းသူများကို ခမီ စာပေသင်ပေးမည်ဖြစ်ကြောင်း ခမီတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ထံက သိရသည်

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...