စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့မည့်အဖွဲ့အစည်းများကို ပြည်နယ်အစိုးရမှ အပြည့်အဝကူညီ ပေးရန် ALD ပါတီ တိုက်တွန်း

စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့မည့်အဖွဲ့အစည်းများကို ပြည်နယ်အစိုးရမှ အပြည့်အဝကူညီ ပေးရန် ALD ပါတီ တိုက်တွန်း

ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့မည့်အဖွဲ့အစည်းများကို ရခိုင်ပြည်နယ် အစိုးရမှ အပြည့်အဝပူးပေါင်းပါဝင်ကူညီပေးရန် တိုက်တွန်းကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)မှ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သဘောထားကြေငြာချက်ထုတ်ပြန်သည်။

တောင်ကုတ်မြို့တွင် ALD ပါတီ ဗဟိုရုံးခွဲတွင်ပြုလုပ်ခဲ့သည့် လက်ရှိရခိုင်ပြည်နယ်အရေးကိစ္စများနှင့် ပတ်သက်သည့်ဆွေးနွေးပွဲမှ ယခုသဘောထားကြေငြာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရအနေနဲ့ ပြည်သူလူထုကို သည်အတိုင်းထားမည်ဆိုပါက အစိုးရအပေါ် ဝေဖန်မှုများဖြင့် ပြန်ပြီးတုန့်ပြန်ရန် ရှိကြေင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းကပြောသည်။

“ကျနော်တို့ ဒီဟာကိုတိုက်တွန်းနိုးဆော်တယ်ဆိုတာက ကျနော်တို့လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ ” ဟု ဦးကျော်ကျော်လင်းက ပြောသည်။

လက်ရှိဖြစ်ပေါ်နေသော စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများ၏ လှုမှုရေး၊ ကျန်းမာရေး လိုအပ်ချက်များအား ပြည်နယ်အစိုးရမှ တာဝန်ယူဖြေရှင်းပေးရန် တိုက်တွန်းကြောင်းလည်း အဆိုပါ ကြေငြာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် စစ်တွေမြို့တွင်းကျင်းပခဲ့သည့် ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးဖြစ်မြောက်ရေးကော်မတီ အစည်းအဝေးမှ သဘောထားထုတ်ပြန်ချက်အားလည်း ထောက်ခံကြောင်း ALD ပါတီမှ သဘောထား ထုတ်ပြန်ထားသည်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်များမှာ ရခိုင် ပြည်သူများ အပေါ် ထိခိုက်စရာများရှိကြောင်းလည်း ALD ပါတီက ဆိုသည်။

“ရခိုင်ဒုက္ခသည်အရေးကိစ္စ အဓိကတော့ နိုင်ငံတော်ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ယောက်က အဲလိုပြောတာကြောင့် ကျနော်တို့စိုးရိမ်းစရာတွေရှိတယ် ” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းက ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှဦးဆောင်ကျင်းပခဲ့သည့် လက်ရှိရခိုင်ပြည်နယ်အရေးကိစ္စများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် ကြံ့ခိုင်ရေးပါတီ၊ ရခိုင် အမျိုးသားပါတီ၊ တစညပါတီနှင့် တောင်ကုတ်မြို့မှ အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...