ရက္ခိုင့်တပ်မတော်(AA)ကို ချေမှုန်းရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား

ရက္ခိုင့်တပ်မတော်(AA)ကို ချေမှုန်းရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား

ရက္ခိုင့်တပ်မတော်(AA)ကို ထိထိရောက်ရောက် လျင်လျင်မြန်မြန် ပြတ်ပြတ်သားသားချေမှုန်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်မှာ ယနေ့(ဇန်နဝါရီလ ၁၈ ရက်)ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောကြားလိုက်သည်။

ရက္ခိုင့်တပ်မတော်(AA)ကို မချေမှုန်းလျှင် ARSA ကို ဘာသာခြားဖြစ်သောကြောင့် ချေမှုန်းခြင်းလော၊ AA ကို တိုင်းရင်းသားဖြစ်သောကြောင့် မချေမှုန်းခြင်းလောဟု လက်ညိုးထိုးစရာ ဖြစ်လာနိုင်သောကြောင့် ပြတ်ပြတ်သားသား ချေမှုန်းရန် ဇန်နဝါရီလ ၇ ရက်နေ့က နိုင်ငံတော်သမ္မတအိမ်တော်၌ ပြုလုပ်သည့် ညှိနှိုင်းအစည်း အဝေးတွင် မှာကြားခဲ့ခြင်းဟု ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။

“အဲဒီညှိနှိုင်းအစည်းအဝေးမှာလည်း နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ AA အဖွဲ့ဟာ အကြမ်းဖက် သောင်းကျန်း သူအဖွဲ့သာဖြစ်တယ်။ ထိထိရောက်ရောက် လျင်လျင် ပြတ်ပြတ်သားသား ချေမှုန်းဖို့ မှာကြားခဲ့ပါတယ်” ဟု ၎င်း ကဆိုသည်။

တပ်မတော်မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ တပ်အင်အားတိုးမြှင့် အသုံးပြုခြင်း၊ တပ်မတော် ရဟတ်ယာဉ်များ အသုံးပြုခြင်းတို့ကို ဆောင်ရွက်ပြီး ရက္ခိုင့်တပ်မတော်အပေါ် သောင်းကျန်းသူများ နှိမ်နင်းရေးကို ထိရောက်စွာ ဆက်လက်ဆောင်ရွက်သွားရန်လည်း နိုင်ငံတော် သမ္မတရုံးက ဇန်နဝါရီလ ၄ ရက်နေ့က ညွှန်ကြားခဲ့သည်။

ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ရက္ခိုင့်တပ်မတော်(AA) ဝင်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိသွားသည်။

အဆိုပါ စခန်းများကို ဝင်ရောက်တိုက်ခိုက်ရခြင်းမှာ ယင်းစခန်းများသည် နယ်ခြားစောင့်စခန်းဆိုသော်လည်း တပ်မတော်ဘက်က နေရာယူထားမှုနှင့် နယ်ခြားစောင့်ရဲများက အရပ်သားများကို ညှင်းပန်းနှိပ်စက်မှု များရှိပြီး တပ်မတော်ဘက်က အင်အားအလွန်အကျွံသုံး တိုက်ခိုက်နေမှုကြောင့် ပြန်လည်တိုက်ခိုက်ရခြင်းဟု ရက္ခိုင့်တပ်မတာ်(AA)က တုန့်ပြန်ထားသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...